ယူကရိန်းကို စစ်ရေးအသုံးစရိတ် ပေါင် ၁ ဘီလီယံထပ်ပေးမည်ဟု ဗြိတိန်ကတိပြု
diz_admin
June 30, 2022ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် ပေါင်ငွေ ၁ ဘီလီယံ ထပ်ဆောင်းပေးအပ်ရန် ဗြိတိန်က ကတိပြုလိုက်ရာ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေစဉ်အတွင်း ဗြိတိန်၏ အကူအညီက နောက်ထပ် ၂ ဆ ဝင်လာမည့် သဘောဖြစ်သည်။ ထပ်မံပေးပို့မည့် ဘဏ္ဍာငွေကြောင့် ယူကရိန်းသို့ ဗြိတိန်၏ စစ်ရေးထောက်ပံ့မှုသည် ပေါင်ငွေ ၂ဒသမ၃ဘီလီယံ အထိ ရှိသွားမည်ဖြစ်သည်။ ဗြိတိန်သည် ယူကရိန်းကို လူသားချင်းစာနာမှု နှင့် စီးပွါးရေး အကူအညီအဖြစ် ပေါင်ငွေ ၁ ဒသမ ၅ ဘီလီယံ ပေးအပ်ထားပြီး ဖြစ်သည်။ ဗြိတိန်၏ ယခုကဲ့သို့ ငွေအသုံးပြုမှုသည် ယူကရိန်း၏ ကာကွယ်ရေးကို အသွင်ပြောင်းသွားစေမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်စ်ဂျွန်ဆင် က ပြောကြားသည်။ ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်စကီး က ယူကရိန်းစစ်ပွဲကို ပိုမိုကူညီပေးရန်အတွက် NATO ခေါင်းဆောင်များကို တိုက်တွန်းလိုက်ပြီးနောက် […]