စားနပ်ရိက္ခာပြတ်လပ်မှု ကမ္ဘာ့ကပ်ဘေးစပြီ
diz_admin
May 26, 2022ကပ်ရောဂါဘေး၊ စစ်ဘေး စတဲ့ ကပ်ကြီးနှစ်ပါး နေရာအတော်များများမှာ ဆိုက်နေတဲ့ ကမ္ဘာကြီးမှာ ငတ်မွတ်ခေါင်းပါးဘေး ဆိုတဲ့ တတိယကပ်ကြီး လာနိုင်ပါသလား။ ကပ်ကြီး (၃)ပါးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ် နေပါတယ်။ အမြဲတမ်းစိုးရိမ်နေကျ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကြီးက ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ဒါကို အရေးတကြီး ကိုင်တွယ်ရတော့မယ်လို့ သတိပေးလိုက်ပါတယ်။ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲ၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်နိုင်တဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ အစားအစာကို ဖြစ်သင့်တဲ့ ဈေးနူန်းနဲ့ ရနိုင်ဖို့ အရေးကိစ္စဟာ စိတ်ပူစရာ သိပ်ကောင်းနေပါတယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က စီမံမှုဒါရိုက်တာ ခရစ္စတာလီနာဂျော်ဂျီဗာ က ဆွစ်ဇာလန်မှာ ကျင်းပတဲ့ World Economic Forum မှာ […]