BREAKING
February 28, 2025

နိုင်ငံတကာသတင်း

မူလတန်း‌ကျောင်း သေနတ်ပစ်ခံရမှုတွင် သေဆုံးခဲ့သည့်ကလေး ၁၉ ဦး၏ အခေါင်းများကို ကာတွန်းပုံများဖြင့် ဒီဇိုင်းဆင်

diz_admin

June 3, 2022

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အူဗယ်ဒီမြို့တွင် အစွန်းရောက်အကြမ်းဖက် လူငယ်သေနတ်သမားက မူလတန်းကျောင်းကို သေနတ်ဖြင့် ဝင်ပစ်သဖြင့် သေဆုံးသွားသူ ကလေးငယ် ၁၉ ဦးအတွက် ၎င်းတို့ နှစ်သက်သော ကာတွန်းဇာတ်ကောင်ဒီဇိုင်းများကို ဒီဇိုင်းဆင်သူတစ်ဦးက အခေါင်းများတွင် လိုက်လံ ချယ်သပေးနေကြောင်း သတင်းများက ဖော်ပြထားသည်။ စိတ်ကြိုက်မှာယူနိုင်သော အခေါင်းများ ၊ ပြာအိုးများကို ဒီဇိုင်းဆင်ပေးသည့် လုပ်ငန်းရှင် ထရေးဂါနန် နှင့် သားဖြစ်သူတို့က ယခုကဲ့သို့ ကလေးများ နှစ်သက်သည့် ဒီဇိုင်းများကို ၎င်းတို့ ဘဝကူးမည့် ခေါင်းတလားများသို့ အခမဲ့ လိုက်လံပြင်ဆင်ပေးနေခြင်း ဖြစ်သည်။ တက္ကဆက်နယ်မြေရဲတစ်ဦးက ကူညီပေးနိုင်မည်လားဟု ဆက်သွယ်စုံစမ်းလာရာမှ ယခုကဲ့သို့ ပါဝင်ကူညီပေးဖြစ်ကြောင်း အဆိုပါ ဒီဇိုင်းဖန်တီးရှင် က ပြောကြားသည်။ မိသားစုတဖွဲ့ချင်းဆီကို လိုက်လံတွေ့ဆုံကာ ကလေးတို့နှစ်သက်မည့် အရာများကို မေးမြန်းပြီး အခေါင်းဒီဇိုင်းများကို ဖန်တီးခဲ့သည်ဟု […]

ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးရမိသော မြန်မာလုပ်သားများ လူသတ်မှုဖြင့် စစ်ဆေးမည်

diz_admin

June 2, 2022

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားများကို ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးရမိပြီး လူသတ်မှုနှင့်သက်ဆိုင်ခြင်းရှိမရှိ စတင်စစ်ဆေးသွားမည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ စွန်ခရာခရိုင် ဟတ်ယိုင်မြို့အနီး ဂေါက်ကွင်းလမ်းနဘေး တောထဲတွင် မြေမြှုပ်ထားသော အသက် ၄၀ အရွယ် Mr. Maddol Binson အမည်ရှိ လျှပ်စစ်ဝန်ထမ်းတစ်ဦး၏ အလောင်းကို  ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့သည်။ သေဆုံးသူ၏ လက်နှင့်ခြေထောက်ကို ချည်နှောင်ခံထားရပြီး ခေါင်းရိုက်ခံရသော ဒဏ်ရာဖြင့် သေဆုံးလျက်ရှိနေကာ သူ့ဆိုင်ကယ်ကို ရေအိုင်ထဲစွန့်ပစ်ထားကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။ အနီးအနားတွင် ခိုက်ရန်ဖြစ်ပွားမှုအခြေအနေ လက္ခဏာများလည်း တွေ့ရှိရသည်ဟုဆိုသည်။ ထိုင်းရဲတပ်ဖွဲ့များက အနီးပတ်ဝန်းကျင်သို့ ညပိုင်းတွင် စစ်ဆေးသောအခါ အလောင်းနှင့် ၇ ကီလိုမီတာအကွာတွင် ပစ်ကပ်ကားတစ်စီးသည် အရှိန်မထိန်းနိုင်ပဲ သစ်ပင်ကို ဝင်တိုက်လျက်အနေအထားဖြင့် တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ […]

အမေရိကတွင် သေနတ်သမားတစ်ဦး ဆေးရုံထဲဝင်ပစ်၍ လေးဦးသေဆုံး

diz_admin

June 2, 2022

အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ ဆေးရုံတစ်ရုံသို့ လက်နက်ကိုင် သေနတ်သမား တစ်ဦးက ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ရာ အဆိုပါ သေနတ်သမား နှင့် အခြားလူ လေးဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြထားသည်။ တရားခံသည် ရိုင်ဖယ်သေနတ်တစ်လက်၊ လက်ကိုင် သေနတ်တို တစ်လက်တို့ဖြင့် စိန့်ဖရန်စစ် ဆေးရုံကို ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ လူ လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ရှိသော်လည်း သေဆုံးသူ ဦးရေ ထပ်တိုးလာရန် မရှိသေးကြောင်း ရဲအရာရှိများက အတည်ပြုဖော်ပြထားသည်။ မည်သည့်အတွက်ကြောင့် ယင်းသို့ ဆေးရုံကို သေနတ်ဖြင့် ဝင်ပစ်ရသည်ကို မသိသေးသလို၊ တရားခံမည်သူ မည်ဝါ ဆိုသည်ကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အခင်းဖြစ်ချိန် ညနေ ၅နာရီထိုးခါနီးတွင် သတင်းပေးတိုင်ကြားမှုရရှိခဲ့ပြီး ၃ မိနစ်အတွင်း ပြန်လည်တုန့်ပြန် နိုင်ခဲ့သည်ဟု […]

ယူကရိန်း သို့ တာဝေးပစ် ဒုံးကျည်များ ပေးပို့ပေးမည်ဟု အမေရိကန်သမ္မတကြေညာ

diz_admin

June 1, 2022

ယူကရိန်းအနေဖြင့် ရုရှားကျူးကျော်မှုကို ကာကွယ်နိုင်ရန် အတွက် အမေရိကန်ပြည်ထောင်စုက အဆင့်မြင့် ဒုံးကျည်များ ပေးပို့မည်ဟု သမ္မတဘိုင်ဒင် က ကြေညာလိုက်သည်။ ယူကရိန်းက တောင်းဆိုနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော အဆိုပါ တာဝေးပစ် ဒုံးကျည်များကို ရန်သူများအား အဝေးမှ ပစ်ခတ်ရာတွင် ပိုမိုတိကျစွာ ထိနိုင်ရေးအတွက် ဖြစ်သည်။ အဆိုပါ လက်နက်များကို ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုမည်ကို စိုးရိမ်သဖြင့် အမေရိကန်က ပေးပို့ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကမူ အမေရိကန်သမ္မတ ဘိုင်ဒင် က အဆိုပါ လက်နက်အကူအညီသည် ယူကရိန်းအနေဖြင့် ရုရှားနှင့် ဆွေးနွေးရာ၌ အားကောင်းသော အနေအထားတစ်ရပ် ဖြစ်စေရန် ရည်ရွယ်ပြီး သံတမန်နည်းအရ အဖြေရှာခြင်းကို ပိုပြီး ဖြစ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ “ဒါကြောင့်ပဲ […]

ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ် ဖိုက်တာဂျက် အစင်း ၃၀ ဝင်ရောက်

diz_admin

May 31, 2022

ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေး ဇုန်အတွင်းသို့ တရုတ် တိုက်လေယာဉ် အစင်း ၃၀ ဝင်ရောက် လာသောကြောင့် ထိုင်ဝမ်ဘက်က တိုက်လေယာဉ်များ လွှတ်တင်ခဲ့ရသည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။ ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်စစ်လေယာဉ်များ ဝင်ရောက်လာသည့် ဖြစ်စဉ်သည် ယခုနှစ်အတွင်း အကြီးမားဆုံး နယ်မြေကျော်မှု ဖြစ်သည်။ ထိုင်ဝမ်ကို ကျူးကျော်မည့် အခြေအနေနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ပြင် လုံခြုံရေးကိစ္စ ဆွေးနွေးရန် အမေရိကန်အရာရှိ ထိုင်ဝမ်ရောက်နေစဉ် အဆိုပါ တိုက်လေယာဉ်များ ဝင်လာသည့် ဖြစ်စဉ် ကြုံရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်းတွင် တရုတ်က စစ်ရေးလေ့ကျင့်သည့် ခေါင်းစဉ်ဖြင့် လေကြောင်း လှုပ်ရှားမှုများကို မြှင့်တင်လိုက်သည်။ ယင်းသို့ လေကြောင်း […]

နီပေါနိုင်ငံတွင် လေယာဉ်ပျက်ကျမှု ခရီးသည်နှင့်ယာဉ်အမှုထမ်း အားလုံးသေဆုံး

diz_admin

May 30, 2022

နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်းမှ ခရီးသည်နှင့် အမှုထမ်း ၂၂ ယောက်ပါလေယာဉ်တစ်စင်း ယမန်နေ့ (မေ ၂၉) တွင် ပျက်ကျသွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိ‌ကြောင်း နိုင်ငံပိုင်သတင်းများတွင်ဖော်ပြထားသည်။ Tara Air ပိုင် လေယာဉ်တစ်စင်းသည် မေလ ၂၉ ရက်မနက်ပိုင်းတွင် နီပေါနိုင်ငံ ပေါ့ခါရာ(Pokhara)မြို့မှ ခရီးသွားမြို့ ဂျွန်ဆမ်(jomsom) မြို့သို့ ပျံသန်းရာ မိနစ်ပိုင်းအကြာတွင် မက်စ်တန်း(Mustang)ခရိုင်ရှိ ဟိမဝန္တာတောင်တန်းများအကြား ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်တွင် ရာသီဥတုဆိုးရွားမှုနှင့်အတူ အလင်းရောင်ကောင်းကောင်း မရရှိမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်‌နှေးခဲ့ရပြီး နာရီ ၂၀ ကြာ‌မှ လေယာဉ်ပျက်စီးမှုအပိုင်းအစကို တွေ့ရှိခဲ့ရကြောင်း ယင်းကြောင့်ယနေ့ (မေ ၃၀)မှသာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရကြောင်း နီပေါတပ်မတော်က ယနေ့တွင်ထုတ်ပြန်သည်။ ပျက်ကျသွားသော လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၄ ဦး၊ ဂျာမန်နိုင်ငံသား ၂ ဦး၊ နီပေါခရီးသည် […]

ရေနံဈေးမြင့်နေချိန် ရုရှား၏ ရေနံထုတ်ကုန်များ ပိတ်ပင်နိုင်ရေး ဥရောပသမဂ္ဂဆွေးနွေး

diz_admin

May 30, 2022

ဥရောပသမဂ္ဂအရာရှိများ ဘရပ်ဆဲစ်မြို့တွင် ဥရောပသမဂ္ဂအရာရှိများ တွေ့ဆုံကာ ရုရှား၏ ရေနံထွက်ကုန်များကို ပိတ်ပင်ရန် အကောင်းဆုံး နည်းလမ်းအကြောင်း ဆွေးနွေးနေကြစဉ် ရေနံဈေးက အမြင့်ဆုံးအဆင့်ကို တက်သွားခဲ့ကြောင်း Sky News သတင်းတစ်ပုဒ်က ဖော်ပြထားသည်။ ဥရောပကော်မရှင် ဥက္ကဌ အာဆူလာဗွန်ဒါလီယန် က ဥရောပသမဂ္ဂအနေဖြင့် လာမည့် ၆ လအတွင်း ရုရှား၏ ရေနံထုတ်ကုန်များကို ပိတ်ပင်နိုင်ရန် ဆောင်ရွက်ရမည်ဟု ဥရောပ ပါလီမန် ကို ယခုလ အစောပိုင်းက ပြောကြားခဲ့သည်။ ရေနံစိမ်းဈေးက တစ်စည် ဒေါ်လာ ၁၂၀ စျေးပေါက်နေသည်။ ယခုအခါ အမေရိကန်နှင့် အနောက်ဥရောပ အင်အားစုများက ရုရှား၏ ယူကရိန်းအပေါ်ကျူးကျော်မှုကို ဆန့်ကျင်သည့် အနေဖြင့် ရုရှားရေနံထွက်ကုန်များကို ပိတ်ပင်ကြရန် ဆော်သြလျက်ရှိသည်။ မတ်လ အစောပိုင်းက ရေနံစိမ်းဈေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၃၉ […]

ထိုင်းနိုင်ငံရှိ ခရိုင် ၃၁ ခုတွင် နှာခေါင်းစည်းမလိုဘဲ အပြင်သွားလာခွင့်ပြုမည်

diz_admin

May 28, 2022

ထိုင်းနိုင်ငံရှိ ခရိုင် ၃၁ ခုတွင် ဇွန်လလယ်မှစ၍ ပြည်သူများ mask (နှာခေါင်းစည်း)တပ်စရာမလိုပဲ သွားလာနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ကိုဗစ်ကူးစက်မှုနှုန်းလျော့ကျလာပြီဖြစ်၍ ကာကွယ်‌ဆေးထိုးနှံသူ များပြားသောခရိုင်များတွင် ရှေ့ပြေးစမ်းသပ်ချက်‌အနေဖြင့် mask တပ်သွားလာမှုကို ပယ်ဖျက်ပေးသည့် အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Dr Kiattiphum Wongrajit ကဆိုသည်။ အဆိုပါ ဖြေလျော့ပေးသည့် ခရိုင်များကို အစိမ်းရောင်ဇုန် ခရိုင် ၁၄ ခုနှင့် အပြာရောင်ဇုန် ခရိုင် ၁၇ ခု သတ်မှတ်ထားပြီး ယင်းနေရာများတွင် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံထားသူ ၆၀ ရာခိုင်နှုန်း ရှိ‌ကြောင်း အတွင်းဝန်ကဆိုသည်။ အစိမ်းရောင်ဇုန် ၁၄ ခရိုင်မှာ ချိုင်နတ်၊ ဖိကျစ်၊ အန်ထောင်၊ နန့်၊ မဟာရာစခမ်၊ ယဆိုးထော်၊ နခေါ် […]