ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်းလုပ်ကြံခံရမှုအတွက် ပြည်သူများလမ်းပိတ်ဆန္ဒပြ
diz_admin
November 9, 2022ဝန်ကြီးချုပ်ဟောင်း အင်ရမ်ခန်း သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သေနတ်ပစ်လုပ်ကြံခံရကာ ခြေသလုံး ကျည်ထိသွားပြီး ဆေးကုသမှုခံနေရချိန် ၎င်းကို ထောက်ခံသူများက မြို့တော် အစ္စလာမ်မာဘတ်တွင် လမ်းများကို ပိတ်ကာ ဆန္ဒပြနေကြကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဆန္ဒပြပွဲများကြောင့် လမ်းများပိတ်ဆို့ကာ ယာဉ်သွားယာဉ်လာများ ထိခိုက်ခဲ့ပြီး ကျောင်းများ ပိတ်ခဲ့ရကြောင်း သတင်းများက ဖော်ပြထားသည်။ ယခင် ခရစ်ကတ် ကစားသမား အကျော်အမော်ဖြစ်သော အင်ရမ်ခန်း သည် ဧပြီလ အတွင်း ပါလီမန်တွင် အယုံအကြည်မရှိအဆို ရှူံးနိမ့်ရာမှ ဝန်ကြီးချုပ်အဖြစ်မှ ဆင်းခဲ့ရပြီးနောက် ရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်ရန် တောင်းဆိုနေခြင်း ဖြစ်သည်။ လမ်းများပိတ်သဖြင့် သွားလာရခက်လာကြောင်း၊ မိသားစုများ ယာဉ်ကြောထဲတွင် ပိတ်မိနေကြောင်း၊ ဆေးရုံကားကိုပင် ပေးမသွားကြောင်း ရဲအရာရှိတစ်ဦးက မီဒီယာကို ပြောကြားခဲ့သည်။ […]