ပိုလန်ဘက်ကျသည့် ဒုံးကျည်မှာ လေကြောင်းရန်ကာကွယ်ရေး ယူကရိန်းဒုံးကျည်ဖြစ်နိုင်ဟု နေတိုးအကြီးအကဲဆို
diz_admin
November 17, 2022ပိုလန်နိုင်ငံ နယ်နမိတ်အတွင်းသို့ ကျရောက်ပေါက်ကွဲကာ လူ (၂) ဦးသေဆုံးသွားခဲ့သော ဒုံးကျည်သည် ယူကရိန်းဒုံးကျည် ဖြစ်နိုင်ကြောင်း နေတိုး(မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့)အထွေထွေ အတွင်းရေးမှူး ဂျန်စ်စတော်တန်ဘာ့ဂ် က BBC ကို ပြောကြားခဲ့သည်။ “ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် ဖြစ်ဖို့များပါတယ်” ဟု ယူကရိန်းနယ်စပ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းကို ကျူးကျော်မှုများ ပြုလုပ်နေသည့် ရုရှားကိုသာ အပြစ်တင်ရပေလိမ့်မည် ဖြစ်ကြောင်း Nato အတွင်းရေးမှူးက ထောက်ပြသွားခဲ့သည်။ အဆိုပါ ဒုံးကျည်ကို ရုရှားဘက်ကသာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းဘက်က ပြောဆိုနေဆဲ ဖြစ်သည်။ “ဒီ ဒုံးကျည်ဟာ ကျွန်တော့်တို့ရဲ့ဟာ မဟုတ်တာကို လုံးဝသံသယမရှိပါဘူး” ဟု သမ္မတဗိုလိုဒီမာ ဇီလန်စကီး က ရုပ်သံတစ်ခုတွင် […]