စင်္ကာပူနှင့်နယူးယောက်ကို ကမ္ဘာပေါ်တွင် နေထိုင်မှုစရိတ်အကြီးဆုံး မြို့များအဖြစ်သတ်မှတ်
diz_admin
December 2, 2022ကမ္ဘာ့စျေးအကြီးဆုံး မြို့တော်ကြီးများအဖြစ် နယူးယောက်နှင့် စင်္ကာပူစီးတီးတို့က ရပ်တည်လျက်ရှိကြောင်း Economist Intelligence Unit (EIU) စစ်တမ်းက ဖော်ပြထားသည်။ နယူးယောက်သည် စျေးအကြီးဆုံး မြို့စာရင်းတွင် ထိပ်ဆုံးက ရှိနေပြီး၊ ပြီးခဲ့သည့်နှစ်က နေထိုင်မှုစရိတ်အမြင့်ဆုံး မြို့အဖြစ် သတ်မှတ်ခံရသည့် အစ္စရေးနိုင်ငံ တဲအဗစ်မြို့က တတိယနေရာတွင် ရပ်တည်နေခဲ့သည်။ တစ်ကမ္ဘာလုံး၏ ပျမ်းမျှနေထိုင်ရပ်တည်မှု စရိတ်များသည် ယခုနှစ်အတွင်း ၈ ဒသမ ၁ ရာခိုင်နူန်းအထိ မြင့်တက် လာခဲ့ကြောင်း EIU စစ်တမ်းအရ သိရှိရသည်။ ယူကရိန်း စစ်ပွဲနှင့် ကိုဗစ်သက်ရောက်မှုများက ကုန်ထုတ်လုပ်မှု လမ်းကြောင်းကို ထိခိုက်မှုများ ရှိခဲ့ကာ ယင်းကိစ္စက စျေးကြီးလာရခြင်း၏ အဓိက အချက်တစ်ခု ဖြစ်သည်။ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးကြုံရသည့် မြို့က တူရကီ၏ အစ္စတန်ဘူ ဖြစ်ကာ […]