ကိုဗစ်၁၉ ကူးစက်မှုများ ပြင်းထန်နေသဖြင့် မကာအိုရှိ ကာစီနိုလောင်းကစားရုံများ ပိတ်ထားရ
diz_admin
July 11, 2022ကမ္ဘာ့အကြီးဆုံး လောင်းကစားမြို့တော်ဖြစ်သည့် မကာအိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှုများ ပြင်းထန် နေသဖြင့် ကာစီနိုလောင်းကစားရုံကြီးများ အားလုံး ပိတ်လိုက်ရကြောင်း BBC သတင်းက ဖော်ပြထားသည်။ မရှိမဖြစ် မဟုတ်သော စီးပွါးရေး လုပ်ငန်းများ ပိတ်ထားရန် အာဏာပိုင်များက ကြေညာခဲ့ရာ ကမ္ဘာ့အဆင့် ကာစီနိုကြီး ရုံ(၃၀) ပိတ်လိုက်ရခြင်း ဖြစ်သည်။ အဆိုပါ မြို့တော်ကြီးတွင် ကိုဗစ်ကူးစက်မှုဖြစ်စဉ် ယခုရက်ပိုင်းအတွင်း ၁၅၂၆ မှုဖြစ်ပွါးလျက်ရှိသည်ကို နောက်ဆုံးမှတ်တမ်းများက ဖော်ပြထားသည်။ ရောဂါထိန်းချုပ်ရန်အတွက် ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူ လူပေါင်း ၁၉၀၀၀ ကို မဖြစ်မနေ သီးခြားခွဲထား စောင့်ကြည့်နေသည်။ ကျောင်းများ နှင့် အရက်ဆိုင်များ၊ ရုပ်ရှင်ရုံများ အပါအဝင် ဖျော်ဖြေရေး နေရာများကို လမ်းညွှန်ချက်များနှင့် အညီပိတ်ထားသည်။ မကာအိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပိုင်နက်တွင် ပါဝင်ပြီး အထူးဒေသအဖြစ် အထူးအုပ်ချုပ်ခွင့် […]