ထိုင်းနိုင်ငံရှိ ခရိုင် ၃၁ ခုတွင် နှာခေါင်းစည်းမလိုဘဲ အပြင်သွားလာခွင့်ပြုမည်
diz_admin
May 28, 2022ထိုင်းနိုင်ငံရှိ ခရိုင် ၃၁ ခုတွင် ဇွန်လလယ်မှစ၍ ပြည်သူများ mask (နှာခေါင်းစည်း)တပ်စရာမလိုပဲ သွားလာနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ကိုဗစ်ကူးစက်မှုနှုန်းလျော့ကျလာပြီဖြစ်၍ ကာကွယ်ဆေးထိုးနှံသူ များပြားသောခရိုင်များတွင် ရှေ့ပြေးစမ်းသပ်ချက်အနေဖြင့် mask တပ်သွားလာမှုကို ပယ်ဖျက်ပေးသည့် အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Dr Kiattiphum Wongrajit ကဆိုသည်။ အဆိုပါ ဖြေလျော့ပေးသည့် ခရိုင်များကို အစိမ်းရောင်ဇုန် ခရိုင် ၁၄ ခုနှင့် အပြာရောင်ဇုန် ခရိုင် ၁၇ ခု သတ်မှတ်ထားပြီး ယင်းနေရာများတွင် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံထားသူ ၆၀ ရာခိုင်နှုန်း ရှိကြောင်း အတွင်းဝန်ကဆိုသည်။ အစိမ်းရောင်ဇုန် ၁၄ ခရိုင်မှာ ချိုင်နတ်၊ ဖိကျစ်၊ အန်ထောင်၊ နန့်၊ မဟာရာစခမ်၊ ယဆိုးထော်၊ နခေါ် […]