ဦးထွန်းမင်းလတ်၏ စီးပွားဖက်ဖြစ်သူ ထိုင်းလွှတ်တော်အမတ် ဥပကစ် လာရောက်အစစ်ဆေးခံ၊ အမှုများကိုငြင်းဆို
diz_admin
March 28, 2023ဦးထွန်းမင်းလတ်နှင့် စီးပွားရေးမိတ်ဖက်ဖြစ်သူ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်းသည် ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဆက်စပ်သည်ဟုဆိုကာ စုံစမ်းရေးအဖွဲ့များက တရားစွဲထားသောအမှုများအတွက် လာရောက်အစစ်ဆေးခံခဲ့ပြီး ငြင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဥပါကစ်ကို တရားဥပဒေပုဒ်မ ၁၃၄ အရ စုံစမ်းရေးရဲတပ်ဖွဲ့များနှင့် အစိုးရရှေ့နေများက မေးမြန်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ဥပကစ်သည် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးခံထားရသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် ဆက်စပ်နေသည်ဟုဆိုကာ စုံစမ်းရေးအဖွဲ့များက တရားစွဲထားခြင်းဖြစ်သည်။ ထိုင်းလွှတ်တော်အမတ် ဥပကစ်သည် ထိုင်းအခြေစိုက် Allure Group ကုမ္ပဏီကို တည်ထောင်ခဲ့သူလည်းဖြစ် ရှယ်ယာရှင်ဟောင်းတစ်ဦးလည်းဖြစ်ပြီး ဖမ်းဆီးခံထားရသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် အတူ မြန်မာအခြေစိုက် Allure Group ကို ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ကြောင်း အတိုက်အခံပါတီ လွှတ်တော်အမတ်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ စုံစမ်းရေးအဖွဲ့မှ တရားစွဲခံရပြီးနောက် ဥပကစ်သည် မတ်လ ၂၇ ရက်နေ့ နေ့လယ် […]