အန္တရာယ်ရှိ PM2.5 အခြေအနေနှင့်ပတ်သက်၍ ပရာယွတ်အပေါ် စွဲချက်တင်ထားမှု ချင်းမိုင်တရားရုံးပယ်ချ
diz_admin
April 2, 2023ထိုင်းနိုင်ငံ၏ မြောက်ပိုင်းခရိုင်တွင် လက်ရှိကြုံတွေ့နေရသော အန္တရာယ်ရှိ PM2.5 ဖုန်မှုန့်များ လွှမ်းနေသည့်အပေါ် တာဝန်ပေါ့ဆမှုအတွက် ချင်းမိုင်ဒေသခံပြည်သူအချို့က ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအား တရားစွဲဆိုခဲ့မှုကို ချင်းမိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေး တရားရုံးက မတ်လ ၃၀ ရက်နေ့တွင် ပယ်ချခဲ့သည်။ သက်ဆိုင်ရာ အစိုးရဌာနများက ဤသို့သော လေထုညစ်ညမ်းနေသည့်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များကို အကောင်အထည် ဖော်နေပြီ ဖြစ်သည့်အတွက် ချင်းမိုင်တရားရုံးအနေနှင့် အဆိုပါ ကြေညာချက်ကို ကိုင်တွယ်စီရင်မည် မဟုတ်ကြောင်း ဆုံးဖြတ်အမိန့်ချခဲ့သည်။ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ရိတ်သိမ်းပြီးသည့်နောက် ပေါင်းပင်မီးရှို့မှုများ ၊ တောမီးလောင်မှုများ စသည်တို့မှ မီးခိုးငွေ့များကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွင်း ပြည်နယ်များတွင် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။ ယင်းမီးခိုးငွေ့များသည် ဘေးကင်းသောအဆင့်ထက် ကျော်လွန်ကာ အချင်း ၂.၅ မိုက်ခရိုရွန်ထက် […]