ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ပိုမိုပြင်းထန်လာသောကြောင့် နေအိမ်မှာသာ အလုပ်လုပ်ကြရန် တိုက်တွန်း
diz_admin
April 9, 2023ဒေသတွင်း လေထုညစ်ညမ်းမှုသည် အန္တရာယ်အဆင့်အထိ မြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသတွင်း နေထိုင်သူများကို အိမ်ထဲမှာသာ နေထိုင်ပြီး အလုပ်လုပ်ကြရန် ဒေသန္တရ အာဏာပိုင်များက ဧပြီ ၇ ရက်နေ့တွင် တိုက်တွန်းကြေညာခဲ့သည်။ ဒေသအတွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရ ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း နေအိမ်မှ အလုပ်လုပ်၍ရသော ဝန်ထမ်းများအား အိမ်မှ အလုပ်လုပ်ခွင့်ပြုရန် တောင်းဆိုထားသည်။ ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာ နေရာတစ်ခုဖြစ်သည့် ယင်းဒေသသည် တောမီးနှင့် ရိတ်သိမ်းပြီးနောက် စိုက်ခင်းအမှိုက် မီးရှို့ခြင်း တို့ကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း မီးခိုးမြူများ ဖုံးလွှမ်းခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့နံနက်တွင် လေကြောင်းစောင့်ကြည့်ရေးဝက်ဘ်ဆိုဒ် IQAir သည် ချင်းမိုင်ကို ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ပြီး အဆိုပါ အနေအထားသည် ပုံမှန် လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့များအဖြစ် […]