စီစဉ်ထားသည့်အတိုင်း ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး
diz_admin
April 21, 2023စစ်ရေးထောက်လှမ်းနိုင်စွမ်း မြှင့်တင်ရန်အတွက် ထောက်လှမ်းရေးဂြိုဟ်တုကို စီစဉ်ထားသည့်အတိုင်း ပစ်လွှတ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တာဝန်ရှိသူများကို အမိန့်ပေးလိုက်သည်။ ယင်းမှာ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရေးအတွက် ဦးစားပေးလုပ်ငန်း ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဧပြီလ ၁၉ ရက်နေ့ တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလတွင် အဆိုပါ ဂြိုဟ်တုအတွက် အရေးကြီးသော နောက်ဆုံးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ ဧပြီလတွင် ပြင်ဆင်မှုများ အပြီးသတ်မည်ဟု ပြောကြားခဲ့သည်။ အမျိုးသား အာကာသ ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ ဧပြီလ ၁၈ ရက်နေ့က သွားရောက်လည်ပတ်စဉ်တွင် ကင်မ်ဂျုံအန်းသည် ယင်းဂြိုဟ်တုအား စီစဉ်ထားသည့်အတိုင်း လွှတ်တင်ရန် တိုက်တွန်းခဲ့ပြီး နိုင်ငံ၏ ထောက်လှမ်းမှုစွမ်းရည်ကို […]