တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
June 9, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ကနေဒါတောမီးကြောင့် ကနေဒါနဲ့ အမေရိကန်မှာ လေထုညစ်ညမ်းနေ ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ အကြီးအကျယ်လောင်နေလို့ အဲဒီကနေထွက်လာတဲ့ မီးခိုးငွေ့တွေဟာ အမေရိကန်နိုင်ငံလေထုကိုပါ ထိခိုက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နယူးအင်္ဂလန်ပြည်နယ်ကနေ တောင်ကယ်ရိုလိုင်းနား ပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက် လေထုအခြေအနေဆိုးဝါးနေတာပါ။ ဒါ့အပြင် အိုဟိုင်းယိုးပြည်နယ်၊ အင်ဒီယားနားနဲ့ မစ်ရှီဂန်အပါအဝင် အနောက်အလယ်ပိုင်းဒေသတွေမှာလည်း လေထုအရည်အသွေးသတိပေးချက်ကို ထပ်တိုး ကြေညာထားပါတယ်။ ဒီအခြေအနေဟာ သီတင်းပတ်ကုန်အထိ ဆက်ဖြစ်နေဖွယ်ရှိနေတာပါ။ ကနေဒါဘက်ခြမ်းမှာတော့ တောမီးက ဆက်လောင်နေလို့ ငြှိမ်းသတ်နိုင်ဖို့ကို ကမ္ဘာတဝန်း မိတ်ဆွေနိုင်ငံတွေကန ဝိုင်းပြီးကူညီပေးကြဖို့ ကတိပြုထားကြပါတယ်။ အရင်လကတည်းက စတင်ခဲ့တဲ့ […]