ပြင်းထန်လာသည့် အပူလှိုင်းကြောင့် နိုင်ငံတွင်းသေဆုံးမှုများကို ကိုင်တွယ်ဖြေရှင်းမည်ဟု အိန္ဒိယကတိပြု
Dawei Watch
June 23, 2023အိန္ဒိယနိုင်ငံမှာ ယခုသီတင်းပတ်အတောအတွင်း ပြင်းထန်သော အပူလှိုင်းကြောင့် သေဆုံးမှုအများအပြား ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးမှုများကို နည်းပါးသွားစေရန် အစိုးရအနေနှင့် လုပ်ဆောင်မည်ဟု ကတိပြုကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ Mansukh Mandaviya က ဇွန်လ ၂၀ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ယခုသီတင်းပတ်အတွင်း နေ့အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့သည့်အတွက် အပူဒဏ်ကြောင့် ဆေးရုံတင်ထားရမှုများအပြင် လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန် ခဲ့သည်။ တောင်အာရှတခွင်မှာ အပူလှိုင်းများ ယခုလို ပိုမိုပြင်းထန်လာခြင်းသည် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်တစ်ခု ဖြစ်ကြောင်း သိပ္ပံပညာရှင်များက မှတ်ချက်ပေးခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝှမ်း အပူရှိန်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှင့် ပြည်သူ့ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန် ထိပ်တန်းအရာရှိများနှင့် ဇွန်လ ၂၁ရက်နေ့က […]