ပီထာ၏ ရှုံးနိမ့်မှု အပေါ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြန်လည်ပြင်ဆင် မှတ်ချက်ပြု
Dawei Watch
July 16, 2023ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် တစ်ပြေးနေသူ ပီထာလင်မ်ဂျာရုန်ရတ်၏ ထိုင်းနိုင်ငံကို ဦးဆောင်ရန် မဲအရေအတွက် လုံလောက်စွာ မရရှိခဲ့မှုနှင့်ပတ်သက်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အပြုသဘောဆောင်သည့် မှတ်ချက်ကို ပြောင်းလဲပြောဆိုခဲ့သည်။ ယခင်က ပေးခဲ့ဖူးသည့် မှတ်ချက်အပေါ် အပြုသဘောဆောင်ကာ ဇူလိုင် ၁၄ ရက်နေ့တွင် ပြန်လည် ပြင်ဆင်ပြောဆိုခဲ့သည်။ ၎င်း၏ တယ်လီဂရမ်တွင် ရေးသားခဲ့သည့် စာအရ ဟွန်ဆန် က “ထိုင်းနိုင်ငံအတွက် ဘယ်သူပဲဖြစ်ဖြစ် ဘယ်ပါတီကပဲ တာဝန်ယူပါစေ၊ (နောက်တက်လာမည့်) ထိုင်းအစိုးရခေါင်းဆောင်နဲ့ လက်တွဲဖို့ အဆင်သင့်ပါပဲ” ဟု ရေးသားခဲ့သည်။ ထို့အပြင် သူ့အနေနှင့် ထိုင်းပြည်သူများ၏ ဆုံးဖြတ်ချက်ကို လေးစားပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်လိုကြောင်း ရေးသားဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကမူ ဟွန်ဆန်သည် ပီထာ၏ ယခုလို ရှုံးနိမ့်မှုသည် ကမ္ဘောဒီးယားမှာလည်း အတိုက်အခံပါတီအတွက် ရှုံးနိမ့်မှု ဖြစ်ကြောင်း လူမှုကွန်ရက် […]