ရနောင်း လွှတ်တော်အမတ်လက်ထောက်၏ဖခင်အသတ်ခံရမှုတွင် မြန်မာလုပ်သား ၁၅ဦးကို ဖမ်းဆီးစစ်ဆေး
diz_admin
July 12, 2022ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင် သတ်ဖြတ်အလောင်းဖျောက်ခံရ သဖြင့် အနီးအနားရှိ မြန်မာအလုပ်သမား ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။ ရနောင်းခရိုင် ကရာဘူရီဒေသရှိ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရွာရှိ ရော်ဘာခြံထဲတွင် လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင်အလောင်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင် တွေ့ရှိခဲ့ရာမှ ခြံအနီးအနားရှိ မြန်မာ အလုပ်သမားများကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၈၁ နှစ်အရွယ်ရှိ Mr. Thanu Jaidee ဆိုသူဖြစ်ပြီး ရနောင်းခရိုင် လွှတ်တော်အမတ်၏ လက်ထောက်ဖြစ်သူနှင့် ပတ်ကျန်အုပ်စု အုပ်ချုပ်ရေးမှူးတို့၏ ဖခင်ဖြစ်သည်။ စစ်ဆေးချက်အရ သေဆုံးသူ၏ ဦးခေါင်း အရှေ့နှင့် အနောက်တွင် ဒဏ်ရာရထားသည်ကို တွေ့ရှိရပြီး အဆိုပါ အလောင်းကို ရော်ဘာခြံထဲရှိ […]