မလေးရှားတွင် မြန်မာဒုက္ခသည်များအရေး အကူအညီပေးနေသူနှင့် မိသားစုဝင်များ အမည်မသိ အဖွဲ့၏ဖမ်းဆီးမှုခံရ
Dawei Watch
July 17, 2023မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များနှင့် အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော မသူဇာမောင်နှင့် မိသားစုဝင်များကို အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch) အဖွဲ့က ယနေ့ (ဇူလိုင် ၁၇) တွင် ထုတ်ပြန်ခဲ့သည်။ မသူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ဦးစားပေး စုံစမ်းစစ်ဆေးဆောင်ရွက်ပေးဖို့ မလေးရှားအစိုးရကိုလည်း ယင်းအဖွဲ့က တောင်းဆိုထားသည်။ မြန်မာအလုပ်သမားများအရေး၊ ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသူ မသူဇာမောင်နှင့် အမျိုးသားဖြစ်သူ စောသန်းတင်ဝင်း၊ သားသမီး ၃ ဦးကို ဇူလိုင်လ ၄ ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ ၎င်းတို့နေအိမ်တွင် အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကားတစ်စီး မသူဇာမောင်တို့ နေထိုင်ရာ အိမ်ရာဝင်အတွင်းသို့ ဝင်လာခဲ့ကြောင်း၊ […]