ပရာယွတ်ပါဝင်ခဲ့သည့် စစ်တပ်ပါတီနှင့် Pheu Thai ပါတီ ပူးပေါင်းမည်ဟု ကြေညာ
Dawei Watch
August 18, 2023ထိုင်းနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ်ရာချာအိုချာပါဝင်ခဲ့သည့် United Thai Nation ပါတီနှင့် သက်ဆင်သမီး၏ Pheu Thai ညွန့်ပေါင်းအဖွဲ့တို့ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဩဂုတ် ၁၇) ညနေပိုင်းတွင် ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သော သက်ဆင်ညီမ ယင်းလတ်လက်ထက်၂၀၁၄ ခုနှစ်တွင် ပရာယွတ်ချာအိုချာက အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ Pheu Thai ပါတီက ရွေးကောက်ပွဲမတိုင်မီကာလအတွင်း စစ်တပ်နောက်ခံပါတီများဖြစ်သော United Thai Nation ပါတီနှင့် Palang Pracharath ပါတီများနှင့် ပူးပေါင်းမည်မဟုတ်ကြောင်း ပါတီခေါင်းဆောင် Chonlanan Srikaew က ဆိုထားခဲ့သည်။ အကယ်၍ ပူးပေါင်းပါက ပါတီခေါင်းဆောင်နေရာက ဆင်းပေးမည်ဟုလည်း ကတိပေးခဲ့သူဖြစ်သည်။ သို့သော်လည်း ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် နှစ်ပါတီ သဘောတူညီချက်ရရှိထားကြောင်း United Thai Nation […]