BREAKING
April 22, 2025

နိုင်ငံတကာသတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

October 14, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ အစ္စရေး-ဟားမတ်စ်အရေးကြောင့် ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှု များလာနိုင် အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခပြင်းထန်လာတဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျအပါအဝင် ကမ္ဘာတဝန်းမှာ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ များပြားလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု Salt Lacke City မှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကိုပါ ကြုံတွေ့ခဲ့ကြရတာပါ။ စိန့်လူးဝစ်မှာလည်း ကုန်ကားပေါ်က ဂျူးဆန့်ကျင်ရေးစာတမ်းတွေ ရေးသားခဲ့တဲ့အတွက် ရဲတွေက အရေးယူဆောင်ရွက်ခဲ့ရပါသေးတယ်။ ဗြိတိန်နိုင်ငံမှာတော့ ပဋိပက္ခတွေစတင်ပြီး ၄ ရက်ထဲမှာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ ၃၀၀ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့တယ်လို့ Community Security Trust အဖွဲ့က ထောက်ပြခဲ့ပါတယ်။ […]

ဂါဇာနယ်စပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်၍ ထိုးစစ်အဆင့်ကို ပြောင်းလဲပြီဟု အစ္စရေးကြေညာ 

Dawei Watch

October 11, 2023

ဂါဇာနယ်စပ်ကို လုံးဝထိန်းချုပ်နိုင်ပြီဟု အစ္စရေးဘက်က ကြေညာလိုက်ပြီး ထိုးစစ်အဆင့်ကို ကူးပြောင်းလိုက်ပြီဖြစ်ကြောင်း အစ္စရေးဘက်က အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။ ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့သော အစ္စရေးတောင်ပိုင်းကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပြီး နယ်မြေထဲ ဟားမတ်စ်တပ်ဖွဲ့ဝင်များ၏ အလောင်း ၁၅၀၀ ကိုလည်း တွေ့ရှိရကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရသူက ဆိုသည်။ အစ္စရေးဝန်ကြီးချုပ်ကလည်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုက အစသာ ရှိနေသေးပြီး လာမည့် ရက်များတွင် တိုက်ခိုက်မှုသည် ဟားမတ်စ်များ၏ မျိုးဆက်နှင့်ချီ ထိခိုက်နိုင်ကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားထားသည်။ ယခုကဲ့သို့ပြောကြားပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့တွင် အစ္စရေးလေယာဉ်များက ဂါဇာကမ်းမြောင်ဒေသ၏ နေရာ ၂၅၀ ကျော်ကို ၂၄ နာရီအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။ ဂါဇာကမ်းမြောက်ဒေသတွင် ဟားမတ်စ်၏ စခန်းများ၊ […]

ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ရှိလာ

Dawei Watch

October 9, 2023

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးဘက်ကလည်း ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အစ္စရေးနိုင်ငံဘက်တွင် သေဆုံးသူ ၇၀၀ ကျော်ရှိလာပြီး ယင်းအရေအတွက်သည် ၁၉၄၈ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုများတွင် အများဆုံးဖြစ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ တိုက်ပွဲကြောင့် အစ္စရေးပြည်သူ ၂၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ပါလက်စတိုင်း ဟားမတ်စ်လက်ထဲတွင် အမျိုးသမီးများနှင့် ကလေးများအပါအဝင် အစ္စရေး ၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း‌ ဖော်ပြထားသည်။ အစ္စရေးဘက်ကလည်း ဂါဇာဒေသကို လေကြောင်းမှပြန်လည်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇၈ ဦးအပါအဝင် ပါလက်စတိုင်း ၄၁၃ ဦးသေဆုံးခဲ့ပြီး ၂၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုသည် […]

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်ကြား တိုက်ပွဲပြင်းထန်

Dawei Watch

October 8, 2023

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့က အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည် ထောင်ချီပစ်လွှတ်တိုက်ခိုက်ပြီးနောက် အစ္စရေးဘက်ကလည်း လေကြောင်းက ပြန်လည်တိုက်ခိုက်နေရာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေသည်။ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းကစ၍ ဟားမတ်စ်အဖွဲ့ကနေ ရော့ကတ်ဒုံးကျည် ၅၀၀၀ ကျော်ကို စတင်ပစ်ခဲ့ပြီး မြေပြင်ကလည်း အစ္စရေးနယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဟားမတ်စ်အဖွဲ့က နှစ်ပေါင်း ၅၀ အတွင်း ဂျူးဘာသာဝင်များ အားလပ်ရက် မနက်ခင်းတွင် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အနည်းဆုံး ၂၅၀ အထိရှိခဲ့ကာ ဒဏ်ရာရရှိသူ ၁၅၉၀ ကျော် ရှိလာခဲ့ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဒုံးကျည်ပစ်လွှတ်သော ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ ကျော်သေဆုံးပြီး ၁၆၀၀ ကျော်ဒဏ်ရာရကြောင်း ပါလက်စတိုင်းအာဏာပိုင်များက ပြောသည်။ အစ္စရေးဝန်ကြီးချုပ် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

October 6, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ အင်ဒိုနီးရှားတွင် မြန်နှုန်းမြင့် ကျည်ဆန်ရထားဖွင့်လှစ် အင်ဒိုနီးရှားနိုင်ငံ မြို့တော်နဲ့ Bandung မြို့ နဲ့ ဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့် ကျည်ဆံရထားလမ်းကို အောက်တိုဘာ ၂ ရက်နေ့က အင်ဒိုနီးရှားသမ္မတ Joko Widodo က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရထားလမ်းကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုး အကုန်ကျခံတည်ဆောက်ထားတာပါ။ အရှေ့တောင်အာရှမှာတော့ အင်ဒိုနီးရှားက ပထမဆုံး ကျည်ဆံရထားကို ပြေးဆွဲတာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ တရုတ်ကုမ္ပဏီတွေပူးပေါင်း တည်ဆောက်ခဲ့ပါတယ်။ ဒီကျည်ဆန်ရထားဟာ တနာရီကို ကီလိုမီတာ ၃၅၀ မိုင်နဲ့ဆိုရင် ၂၂၀ နီးပါး […]

ဘန်ကောက်မြို့လယ် Siam Paragon ရှောပင်းစင်တာတွင်ပစ်ခတ်မှုဖြစ်၊ ၁၄နှစ်အရွယ် သေနတ်သမားကိုဖမ်းမိ

Dawei Watch

October 3, 2023

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ Siam Paragon ရှောပင်းစင်တာတွင် ယနေ့ အောက်တိုဘာလ ၃ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပစ်ခတ်သံ လေးချက် ကြားရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ သေနတ်သမားမှာ အသက် ၁၄နှစ်အရွယ်သာရှိသေးပြီး ၎င်းကို ရှောပင်းစင်တာအထဲတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်းတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သတင်းများတွင် ဖော်ပြသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စင်တာအတွင်းမှ လူအများ ပြေးထွက်လာခဲ့ပြီး ရှောပင်းစင်တာနှင့် Siam ဘူတာကိုလည်း ပိတ်ချထားခဲ့သည်။ ပစ်ခတ်မှုအခြေအနေနှင့် သေနတ်သမား၏ အသေးစိတ်အချက်အလက်များအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းများက ဆိုသည်။ Ref: Khaosod English, […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 29, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့သော အမေရိကန်စစ်သား နေရပ်ပြန်ရောက် မြောက်ကိုရီးယားကနေ အမေရိကန်စစ်သား Travis King ကို တရုတ်နယ်မြေကတဆင့် ထွက်ခွာဖို့ ခွင့်ပြုခဲ့ပြီး တောင်ကိုးရီးယား ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ထရာ့ဗစ်ကင်းဟာ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်စခန်းကနေ အမေရိကန်နိုင်ငံ ကို စက်တင်ဘာ ၂၈ ရက်နေ့က ပြန်ရောက်လာပြီလို့ ဆိုထားပါတယ်။ ဒါကို အမေရိကန်သမ္မတ အိမ်ဖြူတော်က တရုတ်အစိုးရ နဲ့ ဆွီဒင်အစိုးရတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျေးဇူးတင်စကား ပြောလိုက်တာပါ။ ဆွီဒင်တာဝန်ရှိသူတွေက အမေရိကန်စစ်သား ထရာဗစ်ကင်းကို မြောက်ကိုရီးယား နဲ့ တရုတ်နယ်စပ် ကို […]

ထိုင်းဒုရဲချုပ်နေအိမ်ကို ဆိုင်ဘာရဲတပ်ဖွဲ့ ဝင်စီး

Dawei Watch

September 25, 2023

အွန်လိုင်းလောင်းကစားတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ထိုင်းနိုင်ငံ ဒုရဲချုပ်တစ်ဦး၏ နေအိမ်ကို ဆိုင်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CIBB) က ယနေ့ (စက်တင်ဘာ ၂၅) တွင် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေစီးနင်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အွန်လိုင်းလောင်းကစားပြုလုပ်နေသောဆိုဒ်များတွင် ပါဝင်နေသည်ဟု စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate နေထိုင်ရာ ဘန်ကောက်မြို့ရှိ နေအိမ်ကို နံနက်ပိုင်းတွင် ဝရမ်းထုတ် ရှာဖွေခဲ့ခြင်းဖြစ်သည်။ အဆိုပါစီးနင်းမှုတွင် ဆိုင်ဘာရဲတပ်ဖွဲ့များအပြင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနမှ ရဲတပ်ဖွဲ့များနှင့် မြို့တော်ကွန်မန်ဒိုတပ်ဖွဲ့များလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဝရမ်းထုတ်ရှာဖွေစီးနင်းမှုတွင် ရဲကလပ်၏ အနောက်ရှိ နေအိမ်ငါးလုံးပါဝင်နေပြီး ထိုအိမ်များသည် ရဲဗိုလ်ချုပ်ကြီး Surachate က သူ့လက်အောက်ငယ်သားများအတွက် ဝယ်ပေးထားသော အိမ်များဖြစ်ကြောင်း ဖော်ပြထားသည်။ ရဲဗိုလ်ချုပ်ကြီး Surachate နေအိမ်တွင်ရှိနေချိန် နံနက် ၈ နာရီအချိန်ခန့်တွင် ဆိုင်ဘာရဲတပ်ဖွဲ့များ […]