BREAKING
April 22, 2025

နိုင်ငံတကာသတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

November 3, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အမေရိကန်တွင် သေနတ်သမားအလောင်းကို တွေ့ရှိ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက Maine ပြည်နယ် Lewiston မြို့မှာ လူ ၁၈ ဦးကို သေနတ်ပစ်သတ်ခဲ့တဲ့ Robert Card ကို သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်သူ ပစ်ခတ်တဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ပုံရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ Card ရဲ့ ရုပ်အလောင်းကို Lisbon မြို့မှာ တွေ့ရှိခဲ့ပါတယ်။ Robert Card ရဲ့ အန္တရာယ်ကို စိုးရိမ်စရာ မရှိတော့ပါဘူး။ ထိခိုက်ဆုံးရှံးမှုတွေကို ပြန်လည် ကုစားရမယ့် အချိန် ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

October 27, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဂါဇာဒေသတွင် အစ္စရေးက ညလုံးပေါက် မြေပြင်ထိုးစစ်ဝင်ရောက် ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေး စစ်တပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး ဟာမတ်စ်စစ်သွေးကြွတွေရဲ့ ပစ်မှတ်တော်တော်များများကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားလိုက်သည်။ ရက် ၂၀ လောက်ကြာလာခဲ့တဲ့ စစ်ပွဲမှာ အစ္စရေးစစ်တပ်က မြေပြင်ကနေ ပထမဆုံးဝင်ရောက်တိုက်ခိုက်တာပါ။ စစ်ပွဲကို နောက်တဆင့်တက်ဖို့ ပြင်ဆင်တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ တင့်ကားတွေ၊ စစ်ကူတွေနဲ့ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက်သမားတွေကို သုတ်သင်နိုင်ခဲ့သလို ဟာမတ်စ်တို့ရဲ့ အခြေခံအဆောက်အဦးတွေကိုလည်း ဖျက်စီးနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် […]

မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ဂန္ထဝင်ကြယ်ပွင့် ဆာဘော်ဘီချာလ်တန် ကွယ်လွန်

Dawei Watch

October 22, 2023

မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ဂန္ထဝင်ကြယ်ပွင့်ကစားသမားကြီးဖြစ်သော ဆာဘော်ဘီချာလ်တန်သည် ယနေ့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ဆာဘော်ဘီချာလ်တန် သည် မန်ယူအသင်းကို လွန်စွာတန်ဖိုးထား ချစ်မြတ်နိုးသူဖြစ်ပြီး အသက် ၈၀ ကျော်အရွယ်သို့ ရောက်သည်ထိတိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်း၏ပွဲကြည့်စင်ထက်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ မန်ယူ ယှဉ်ပြိုင်ကစားသည်ကို အားပေးကြည့်ရှုခဲ့သူဖြစ်သည်။ ဘောလုံးကလပ်အသင်းများ၊ ဘောလုံးအဖွဲ့ချုပ်များ၊ ဘောလုံးသမားများက ဆာဘော်ဘီချာလ်တန် ကွယ်လွန်မှုကို အစားထိုးမရသည့်ဆုံးရှုံးမှုကြီးအဖြစ် ရေးသားဖော်ပြထားကြပြီး အချို့သော ဝမ်းနည်းကြောင်း ဖော်ပြရေးသားသည့်စာများတွင် အဖိုးဖြတ်မရနိုင်သော ဒဏ္ဍာရီကြီးကြွေလွင့်ခြင်းဟု တင်စားမှုများရှိသည်ကိုလည်း မြင်တွေ့ကြရသည်။ ဆာဘော်ဘီချာလ်တန်သည် မန်ယူသင်း ကြုံဆုံရင်ဆိုင်ခဲ့ရသော မြူးနစ်လေယာဉ်ပျက်ကျမှုမှနေ၍ ကံကောင်းထောက်မစွာဖြင့် သေကံမရောက်ဘဲ လွတ်မြောက်လာခဲ့သူဖြစ်ပြီး ယင်းနောက်တွင် ၁၉၆၆ ခုနှစ်၌ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရာတွင် အဓိက,ကစားသမားအဖြစ် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် မန်ယူအသင်း ဥရောပဖလား(လက်ရှိအခေါ် ချန်ပီယံလိဂ်ဖလား)ကို ဆွတ်ခူးရရှိရာတွင်လည်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

October 20, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဂါဇာဆေးရုံတိုက်ခိုက်ခံရမှုကြောင့် လူ ၅၀၀ ကျော်သေဆုံး ဂါဇာအလယ်ပိုင်းမှာရှိတဲ့ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားတဲ့ ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရလို့ ဒုက္ခသည်တွေအပါအဝင် လူပေါင်း ၅၀၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။ ဆေးရုံဟာ အောက်တိုဘာ ၁၇ ရက်နေ့က လေကြောင်းဖြင့်တိုက်ခိုက်ခံခဲ့ရလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဆေးရုံမှာ နာမကျန်းတဲ့သူ ဒဏ်ရာရနေတဲ့သူတွေနဲ့အတူ ဂါဇာမြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ ခိုလှုံနေခဲ့ကြပါတယ်။ ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးက ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တာက လူမျိုးတုံးသတ်ဖြတ်တာလို့ အပြစ်တင်ထားပါတယ်။ အစ္စရေးဘက်ကလည်း ဆေးရုံတိုက်ခိုက်တာက သူတို့လက်ချက်မဟုတ်ဘဲ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။ ဂျီဟတ်အဖွဲ့ကတော့ […]

အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ ကာလရှည်စစ်ပွဲဖြစ်သွားနိုင်ဟု အစ္စရေးဝန်ကြီးချုပ်ဆို

Dawei Watch

October 20, 2023

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု သည် ဟားမတ်စ်နှင့် အစ္စရေးစစ်တပ်တို့အကြားတွင် ဖြစ်ပွားနေသည့်စစ်ပွဲမှာ ကာလရှည်ကြာ စစ်ပွဲအသွင် ဖြစ်သွားနိုင်သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ စစ်ပွဲတွင်အီရန်က ပါဝင်ရန် ဟန်ပြင်လာခြင်းသည် အခြေအနေအရပ်ရပ်ကို ရှုပ်ထွေးစေနိုင်ကြောင်း နေတန်ညာဟုက အသိပေးထားပြီး လက်ရှိတွင် ဂါဇာဒေသအတွင်း အကြမ်းဖက်မှုပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းက ရှည်လျားလှသည့်စစ်ပွဲ ဖြစ်ပွားရန် ဦးတည်လာစေသည်ဟု ၎င်းက မှတ်ချက်ပေးသွားခဲ့သည်။ နေတန်ညာဟု သည် ဗြိတိန်ဝန်ကြီးချုပ် ရီရှိ ဆူနတ်ခ်နှင့်အတူ ယှဉ်တွဲ၍ မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ယင်းသို့ပြောသွားခဲ့ခြင်းဖြစ်သည်။ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေး၏မဟာမိတ်အင်အားစုနိုင်ငံများကိုမူ အစ္စရေးဘက်က ရပ်တည်ကာ ဟားမတ်စ်များကို တိုက်ခိုက်နိုင်ရန် ပံ့ပိုးကူညီပေးနေသည့်အတွက် ကျေးဇူးတင်ကြောင်းလည်း နေတန်ညာဟုက အသိပေးသွားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု သည် အစ္စရေးစစ်တပ်နှင့် ဟားမတ်စ်တို့အကြားတွင် ဖြစ်ပွားနေသော လက်ရှိစစ်ပွဲက ကာလရှည်စစ်ပွဲအသွင်သို့ ကူးပြောင်းရောက်ရှိသွားသည်နှင့်တပြိုင်နက် ခက်ခဲမှုပေါင်းများစွာသည်လည်း […]

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးရောက်ရှိ

Dawei Watch

October 18, 2023

ဂါဇာအလယ်ပိုင်းရှိ ဆေးရုံ လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် တင်းမာမှုများ မြင့်တက်နေချိန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယနေ့တွင် အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ အစ္စရေးနှင့်အတူ ရပ်တည်ကြောင်း ပြသလိုသဖြင့် သမ္မတဂျိုးဘိုင်ဒင်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဂျော်ဒန်နိုင်ငံတွင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်စီစဉ်ခဲ့သော်လည်း ဂါဇာဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ပျက်သွားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆေးရုံပေါက်ကွဲမှုအတွက် ဝမ်းနည်း၍ ဒေါသထွက်ရကြောင်းနှင့် “တခြားအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း” အစ္စရေးဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်။ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားသော Al-Ahli Arab ဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ဒုက္ခသည်များအပါအဝင် လူနာများနှင့် ကလေးငယ်များ ၅၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အစ္စရေးဘက်က ၎င်းတို့လုပ်ရပ်မဟုတ်ဘဲ ဂျီဟတ်အဖွဲ့၏ လုပ်ရပ်ဟု စွပ်စွဲထားပြီး ဂျီဟတ်အဖွဲ့က အဆိုပါစွပ်စွဲမှုကို ငြင်းဆိုထားသည်။ အစ္စရေး-ဟားမတ်စ်အရေးကြောင့် […]

ဂါဇာဆေးရုံတိုက်ခိုက်ခံရပြီး လူငါးရာခန့်သေဆုံး၊ သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံပွဲကို ဂျော်ဒန်ဖျက်သိမ်း

Dawei Watch

October 18, 2023

ဂါဇာအလယ်ပိုင်းရှိ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားသောဆေးရုံကို အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ငါးရာခန့်သေဆုံးကြောင်း ဟားမတ်စ်အာဏာပိုင်များက ပြောသည်။ ဂါဇာအလယ်ပိုင်းရှိ Al-Ahli Arab ဆေးရုံတိုက်ခိုက်ခံရချိန်တွင် ဆေးရုံ၌ ဒဏ်ရာရလူနာများသာမက မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသော ပါလက်စတိုင်းများ ခိုလှုံနေခဲ့ကြသည်။ သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခဲ့ပါက ၂၀၀၈ နောက်ပိုင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးမှု အများဆုံးဖြစ်လာနိုင်မည်ဖြစ်သည်။ ဆေးရုံတိုက်ခိုက်ခံရပြီးနောက် ဂျော်ဒန်နိုင်ငံက အမေရိကန်သမ္မတနှင့် တွေ့ဆုံပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး စစ်ကို ရပ်တန့်ရေးကလွဲ၍ အခြားပြောဆိုရန် မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယင်းနောက် ဂျော်ဒန်သို့ ထပ်မံသွားရောက်ကာ ဂျော်ဒန်ဘုရင်၊ အီဂျစ်သမ္မတနှင့် ပါလက်စတိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။ […]

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မနက်ဖြန် အစ္စရေးသွားမည်

Dawei Watch

October 17, 2023

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အစ္စရေးနှင့် အာရပ်ခေါင်းဆောင်များကို တွေ့ဆုံရန်အတွက် မနက်ဖြန် (အောက်တိုဘာ ၁၈) တွင် အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ဂါဇာဒေသတွင် လူသားချင်းစာနာမှုအခြေအနေများ သေရေးရှင်ရေး ပြင်းထန်လာချိန်၊ အစ္စရေးကလည်း မြေပြင်ထိုးစစ်ပြင်ဆင်နေချိန်တွင် အမေရိကန်က အစ္စရေးနှင့်အတူ ရပ်တည်ကြောင်း ပြသရန် သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်က ကြေညာခဲ့သည်။ ထိုကြေညာချက်သည် အစ္စရေးဝန်ကြီးချုပ်အပါအဝင် အရာရှိများနှင့် ၇ နာရီကျော်အကြာ စကားပြောဆိုပြီးနောက် သမ္မတဂျိုးဘိုင်ဒင်၏ ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ “အစ္စရေးအတွက်ရော ဒေသအတွက်ရော ကမ္ဘာကြီးအတွက်ရော အကျပ်အတည်းတွေ ရှိနေချိန်မှာ သူဒီကိုလာမယ်” ဟု ဘလင်ကန်က ပြောကြားခဲ့သည်။ နောက် ဂျော်ဒန်နိုင်ငံသို့ သွားကာ ဘုရင် Abdullah II ၊ […]