ချင်းမိုင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ကို တရားစွဲထားမှု ပြည်သူများအနိုင်ရရှိ
Dawei Watch
January 23, 2024ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် အနီးခရိုင်များတွင် ကြုံတွေ့ခဲ့ရသော လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ကို တရားစွဲဆိုထားသော အမှုတွင် ပြည်သူများက အနိုင်ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်ပြည်သူများက အမှုကို ခရိုင်တရားရုံးတွင် ၂၀၂၃ ဧပြီလက တရားစွဲဆိုခဲ့ပြီးနောက် ကိုးလအကြာ ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူများသည် အမျိုးသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအခွင့်အာဏာကို ထိထိရောက်ရောက် အသုံးပြု၍ အရေးပေါ် အစီအစဥ်တစ်ရပ်ကို ရက် ၉၀အတွင်း အမြန်ဆုံး ပြင်ဆင်ပေးရန် တရာရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။ အရေးပေါ် အစီအစဥ်တွင် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ရန်နှင့် သက်ရောက်မှုလျော့ပါးလာစေရန် ရေရှည်အရေးပေါ်အစီအစဉ်ကို သတ်မှတ်ရက်များအတွင်း ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ်နှင့် အမျိုးသားပတ်ဝန်းကျင် ဘုတ်အဖွဲ့များသည် ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင်များတွင် […]