BREAKING
April 22, 2025

နိုင်ငံတကာသတင်း

ထိုင်ဝန်ကြီးချုပ်ဟောင်းသက်ဆင် တနင်္ဂနွေနေ့တွင် ပြန်လွတ်မည်

Dawei Watch

February 13, 2024

ထောင်ဒဏ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်သည် လာမည့် တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြန်လွတ်လာမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီး Tawee Sodsong က ယနေ့တွင် ပြောကြားသည်။ သက်ဆင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသား ၉၃၀ ဦးတွင် ပါဝင်လာမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် စေထာထဝီစင်ကလည်း ပြောသည်။ ပြုပြင်ထိန်းသိမ်းရေးဌာနက ပို့ပေးလိုက်သော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသား ၉၄၅ ဦးကို အတည်ပြုရာတွင် ၉၃၀ ဦးသည် ကျန်းမာရေးအရ၊ အသက်အရွယ်အရ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကိုက်ညီမှုရှိကြောင်း တရားရေးရာဝန်ကြီးက ဆိုသည်။ သက်ဆင်သည် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရောဂါပေါင်းများစွာကို ခံစားနေရသဖြင့် ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် လပေါင်းများစွာ နေထိုင်နေခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပြည်ပတွင် ၁၅ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

February 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဗြိတိန်ဘုရင်တွင် ကင်ဆာရောဂါတွေ့ရှိ ဗြိတိန်နိုင်ငံက တတိယမြောက်ချားလ်စ်ဘုရင်ကြီး ချားလ်စ် ဘုရင် ကင်ဆာရောဂါတမျိုး ဖြစ်ပွားနေကြောင်း ဆေးစစ်သိရှိရပြီးနောက် စတင်ကုသမှုခံယူနေပြီလို့ သိရပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိတဲ့ ဘုရင်ကြီးရဲ့ ကင်ဆာရောဂါအကြောင်းကို ဘာကင်ဟမ်နန်းတော်က ဖေဖော်ဝါရီ ၅ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒီကင်ဆာက ချားလ်စ်ဘုရင် တလောကပဲ ဆေးစစ်ခဲ့တဲ့ ဆီးကျိတ်ကိစ္စ ဆေးကုသမှုခံခဲ့တာနဲ့ မဆိုင်ပါဘူး။ ဘုရင်ကြီးမှာတွေ့ရတာ ကင်ဆာ ဘာအမျိုးအစားလဲ ဆိုတာလည်း မပြောထားပါဘူး။ အရင်လက ချားလ်စ်ဘုရင်ကို ဆီးကျိတ်ရောင်နေလို့ ဆေးကုသမှုလုပ်တာမှာ စစ်ဆေးကြည့်ရမယ့် အခြေအနေတွေ့လို့ စစ်ဆေးကြည့်တာကနေ […]

၂ နှစ်သမီးကို အိုးထဲထည့်လှော်ကာ အလောင်းဖျောက်သည့် မိခင်ကို စင်ကာပူတရားရုံးက ထောင် ၁၄ နှစ်ချ

Dawei Watch

February 8, 2024

သေဆုံးသွားသော ၂ နှစ်အရွယ် သမီးကို အိုးထဲထည့် မီးနှင့်လှော်ကာ ၅ နှစ်ခွဲကျော် အလောင်းဖျောက်ခဲ့မှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူကို ထောင်ဒဏ် ၁၄ နှစ် ကျခံစေရန် စင်ကာပူတရားရုံးက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အမိန့်ချလိုက်သည်။ သမီးကို သတ်ဖြတ်ခဲ့သော ဖခင်ဖြစ်သူကိုလည်း တရားရုံးက ထောင်ဒဏ် ၂၁ နှစ်ခွဲနှင့် ကြိမ်ဒဏ် ၁၈ ချက်ကို ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ချမှတ်ထားပြီးဖြစ်သည်။ ဆေးသုံးထားသော ဖခင်ဖြစ်သူက ကလေးကို ရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားခြင်းဖြစ်သည်။ သေဆုံးသွားသော ကလေးကို အိုးထဲထည့် မီးဖြင့် လှော်ကာ သက်သေများကို ဖျောက်ဖျက်ရန် မိခင်နှင့်ဖခင်နှစ်ဦးစလုံးက ကြိုးစားခဲ့ကြသည်။ ယင်းနောက်မီးကျွမ်းနေသော အလောင်းပါ အိုးကို သေတ္တာထဲထည့် တိပ်နှင့်ပတ်ပြီး မီးဖိုအောက်တွင် အခြားသူများ သတိမထားမိစေရန် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

February 2, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ပါလက်စတိုင်းကူညီရေးရန်ပုံငွေ ပြန်ထည့်ပေးဖို့ ကုလတောင်းဆို ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်ကူညီရေးဌာန (UNRWA) အတွက် ရန်ပုံငွေကို ပြန်လည်ထည့်ပေးကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဇန်နဝါရီလ ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ အစ္စရေးကို တိုက်ခိုက်ခဲ့တုန်းက ကုလဒုက္ခသည်ကူညီရေးဌာနက ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးနေဆဲပါ။ သတင်းကြောင့် အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဖင်လန်၊ နယ်သာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က အကူအညီတွေ ဖြတ်တောက်ထားပါတယ်။ ပါလက်စတိုင်း ဒုက္ခသည် ကူညီရေးဌာနရဲ့ နှစ်စဥ် ဘတ်ဂျက်က […]

တော်ဝင်ဥပဒေပြင်ဆင်ရေး တိုက်တွန်းမှုရပ်တန့်ရန် ပီတာနှင့် Move Forward ပါတီကို အမိန့်ချ

Dawei Watch

January 31, 2024

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနှင့် ပါတီခေါင်းဆောင် ပီတာကို တော်ဝင်ဥပဒေပြင်ဆင်ရေး ပြည်သူများကို တိုက်တွန်းမှု ရပ်တန့်ရန် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းတွင် တရားရုံးက အမိန့်ချမှတ်လိုက်သည်။ တော်ဝင်ဥပဒေ ပြင်ဆင်ခြင်းသည် ဘုရင်စနစ်ကို ထိခိုက်စေနိုင်သဖြင့် အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဥပဒေခုံရုံးက အမိန့်ချမှတ်လိုက်သည်။ ထို့ကြောင့် Move Forward ပါတီနှင့် ပါတီခေါင်းဆောင် ပီတာအနေဖြင့် ပြည်သူများအား စည်းရုံးနေမှုကို ရပ်တန့်ဖို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ Move Forward ပါတီက တော်ဝင်ဥပဒေပုဒ်မကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း ကြိုးပမ်းခဲ့သော ပါတီဖြစ်ဟုလည်းဆိုသည်။ သို့သော်လည်း ပီတာ၏ နိုင်ငံရေးလုပ်ဆောင်နေမှုများကို ရပ်တန့်ရန် တားမြစ်ခြင်းနှင့် Move Forward ပါတီကို အပြစ်ပေးအရေးယူခြင်းများ မရှိသေးကြောင်း ဖော်ပြထားသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

January 26, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဇန်နဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တွေယုံကြည်ကိုးကွယ်ရာ ရာမဘုရား အတွက်ဆောက်လုပ်တဲ့ ဘုရားကျောင်းပါ။ လာမယ့်ရွေးကောက်ပွဲမှာ ဟိန္ဒူမဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ ဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်တဲ့ ဒီဘုရားကျောင်းဖွင့်ပွဲကို ဟိန္ဒူဘုန်းတော်ကြီးတွေက ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဘုရားကျောင်းသစ် တည်ဆောက်တဲ့ နေရာမှာ ယခင်က […]

ပီတာ လွှတ်တော်ပြန်တက်ပြီ

Dawei Watch

January 25, 2024

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတာကို iTV ရှယ်ယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြစ်မရှိကြောင်း တရားရုံးက အမိန့်ချခဲ့ပြီးနောက် ယနေ့ (ဇန်နဝါရီ ၂၅) နံနက်ပိုင်းတွင် လွှတ်တော်ပြန်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပီတာသည် iTV ရှယ်ယာပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေကို ကျူးလွန်မှုမရှိသဖြင့် အပြစ်မရှိကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပီတာကို iTV ရှယ်ယာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပီတာသည် လွှတ်တော်အမတ်အဖြစ်ရော ပါတီခေါင်းဆောင်နေရာကိုပါ စွန့်လွှတ်ထားခဲ့ရသည်။ ၆ လခန့်အကြာတွင် ပီတာသည် လွှတ်တော်အမတ်နေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ […]

ချင်းမိုင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ကို တရားစွဲထားမှု ပြည်သူများအနိုင်ရရှိ

Dawei Watch

January 23, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် အနီးခရိုင်များတွင် ကြုံတွေ့ခဲ့ရသော လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ကို တရားစွဲဆိုထားသော အမှုတွင် ပြည်သူများက အနိုင်ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်ပြည်သူများက အမှုကို ခရိုင်တရားရုံးတွင် ၂၀၂၃ ဧပြီလက တရားစွဲဆိုခဲ့ပြီးနောက် ကိုးလအကြာ ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူများသည် အမျိုးသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအခွင့်အာဏာကို ထိထိရောက်ရောက် အသုံးပြု၍ အရေးပေါ် အစီအစဥ်တစ်ရပ်ကို ရက် ၉၀အတွင်း အမြန်ဆုံး ပြင်ဆင်ပေးရန် တရာရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။ အ‌ရေးပေါ် အစီအစဥ်တွင် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ရန်နှင့် သက်ရောက်မှုလျော့ပါးလာစေရန် ရေရှည်အရေးပေါ်အစီအစဉ်ကို သတ်မှတ်ရက်များအတွင်း ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ်နှင့် အမျိုးသားပတ်ဝန်းကျင် ဘုတ်အဖွဲ့များသည် ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင်များတွင် […]