BREAKING
April 21, 2025

နိုင်ငံတကာသတင်း

မြန်မာ့ငလျင်ဘေးအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၅ သန်း ကူညီ

Dawei Watch

April 4, 2025

ယူကေနိုင်ငံမှ ထိပ်တန်းပရဟိတအဖွဲ့ကြီးများ စုပေါင်းထားသည့် ဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကော်မတီ(Disasters Emergency Committee) ၏ ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ရန်ပုံငွေကောက်ခံမှုအစီအစဉ်တွင် ယူကေအစိုးရက စတာလင်ပေါင် ၅ သန်း ထည့်ဝင်ကြောင်း ယမန်နေ့ (ကြာသပတေးနေ့) က ကြေညာလိုက်သည်။ ယူကေအစိုးရသည် ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူများအတွက် စတာလင်ပေါင် ၁၀ သန်းကို ကနဦး ပံ့ပိုးပေးခဲ့ပြီးဖြစ်ရာ ယခုထပ်တိုး ရန်ပုံငွေအပါအဝင် စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း ကူညီထောက်ပံ့ထားပြီဖြစ်သည်။ မြန်မာ့ငလျင်ဘေး ကူညီရေးအတွက် ယူကေအစိုးရ၏ ရန်ပုံငွေများသည် မြန်မာစစ်တပ်ထံသို့ စီးဆင်းခြင်းလုံးဝမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ထုတ်ပြန်ထားသည်။​ မြန်မာနိုင်ငံမှ အကူအညီအလွန်အမင်း လိုအပ်နေသည့် ပြည်သူများအတွက် ဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကော်မတီ၏ ဆောင်ရွက်ချက်များကို ပံ့ပိုးခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ယူကေအစိုးရ ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး […]

ဘန်ကောက်အနီးတွင် သေနတ်ပစ်ခတ်မှုဖြစ်၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Dawei Watch

April 4, 2025

ဘန်ကောက်မြို့အနီးရှိ စမွတ်ပရကန်ခရိုင်တွင် ယနေ့ နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နံနက် ၁၂ နာရီခွဲခန့်က ဖပဲဒင်ဒေသ ဘန်ယွန်ဈေးအနီးတွင် သေနတ် ၁၀ ချက်ခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် လူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ဒဏ်ရာရရှိသူနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသမှုပေးပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးထားသည်။ ဈေးထဲက အလှူတစ်ခုတွင် အချင်းချင်းစကားများ ရန်ဖြစ်ပြီးနောက် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး သေနတ်သမားများ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ကျည်ဆန်အခွံများသည် ပုံစံမတူသည်ကို ရဲတပ်ဖွဲ့များ စစ်ဆေးတွေ့ရှိခဲ့သဖြင့် သေနတ်ပစ်ခတ်သူသည် နှစ်ဦးနှင့် အထက် ရှိနိုင်သည်ဟု ကနဦး ကောက်ချက်ချထားကြောင်း သတင်းတွင် ဖော်ပြသည်။ လက်ရှိတွင် အနီးဒေသနေပြည်သူများကို သတိထားနေထိုင်ကြရန်လည်း ရဲတပ်ဖွဲ့က သတိပေးထားကြောင်း ဖော်ပြသည်။ […]

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ဆီ ပြန်သွားရေး ကုလအကြီးအကဲ တိုက်တွန်း

Dawei Watch

April 4, 2025

မြန်မာနိုင်ငံတွင် လက်ရှိပဋိပက္ခများကို အဆုံးသတ်ပြီး နိုင်ငံအနှံ့မှ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် တညီတညွတ်တည်း အဖြေရှာရမည့် အချိန်ရောက်နေပြီဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယမန်နေ့ (ကြာသပတေးနေ့) က တိုက်တွန်းပြောကြားလိုက်သည်။ လက်ရှိစိတ်ထိခိုက်ကြေကွဲစရာအခိုက်အတန့်ကို မြန်မာပြည်သူများအတွက် အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန်အတွက် အကြမ်းဖက်မှုများ ရပ်တန့်ကာ ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးပြီး ဒီမိုကရေစီစနစ်ကို ပြန်သွားမည့် လမ်းကြောင်းတစ်ခု ပါဝင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးကို ၎င်းက တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများ လိုအပ်နေသည့် ငြိမ်းချမ်းရေးနှင့် အသက်ကယ်ဆယ်ရေးထောက်ပံ့မှုများအတွက် ဆက်လက်တွန်းအားပေးသွားမည်ဟု ၎င်းက ဆိုသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ရှာသည်လည်း ယနေ့ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ […]

လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့မကြိုဆို ဟု စာတမ်းချိတ်ပြီး ဘန်ကောက်လူထု ဆန္ဒပြ

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် BIMSTEC အစည်းအဝေးတက်ရောက်ရန် မနေ့က စတင်ရောက်ရှိလာသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘန်ကောက်နေပြည်သူများက ဆန္ဒပြခဲ့သည်။ အဖြူရောင်နောက်ခံအရှေ့တွင် အနက်ရောင်စာလုံးများဖြင့် ‘လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့ မကြိုဆို’ ဟု ရေးသား၍ ဘန်ကောက်မြို့လယ် ကျောက်ဖယားမြစ်၏ ခုံးကျော်တံတားတစ်ခုတွင် စာတမ်းချိတ်ဆွဲ၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ယင်းစာတမ်းချိတ်ဆွဲထားသောနေရာအနီးရှိ Shangri-La ဟိုတယ်တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးတက်ရောက်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာမည်ဖြစ်၍ ယင်းသို့ဆန္ဒပြကြခြင်းဖြစ်သည်။ မြန်မာ့နွေဦးတော်လှန်ရေး အလုပ်သမားအဖွဲ့အစည်းများကလည်း မင်းအောင်လှိုင်ကို အနက်ရောင်အဝတ်အစားများ ဝတ်ဆင်၍ ဆန့်ကျင်ဆန္ဒပြကြရန် ထိုင်းရောက်မြန်မာအလုပ်သမားများကို တိုက်တွန်ထားသည်။

ဂျပန်လက်ဝှေ့ကော်မရှင်က မြန်မာ့ငလျင်ဘေးအတွက် ရန်ပုံငွေကောက်ခံပေးဟုဆို

Dawei Watch

April 3, 2025

ဂျပန်လက်ဝှေ့ကော်မရှင်သည် မြန်မာ့ငလျင်ဘေးအတွက် ရန်ပုံငွေ ကောက်ခံပေးနေကြောင်း Letwei Japan ၏ ဖော်ပြထားချက်အရသိရသည်။ ဂျပန်လက်ဝှေ့ကော်မရှင်က ဦးဆောင်ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် လက်ဝှေ့ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနားတွင် မြန်မာ့ငလျင်ဘေးအတွက် ရန်ပုံငွေများ ကောက်ခံပေးခြင်းဖြစ်သည်ဟု Letwei Japan က အသိပေးထားသည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားဆီသို့ နာမည်ကြီး ကစ်ဘောက်ဆင်ဖိုက်တာ အများအပြား တက်ရောက်လာခဲ့ကြပြီး တန်းရှင်းနာဆူဂါဝါနှင့် နာအိုရာတို့လည်း ဆုအသီးသီးရရှိခဲ့ကြသည်။ မြန်မာ့ငလျင်ဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတကာက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အားထည့်ဆောင်ရွက်နေသော်လည်း လိုအပ်ချက်များမှာ မြင့်တက်နေဆဲဖြစ်ပြီး ငလျင်ဒဏ်သင့်ဒေသများဆီသို့ WHO က တန်ချိန် ၆၀ ကျော်ရှိသည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ထားပြီလည်းဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့တွင် အစားအသောက်နှင့် ရေပြတ်လပ်မှုများ […]

ကန့်ကွက်နေသော်လည်း BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်

Dawei Watch

April 3, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်ရက်ကြာ ကျင်းပမည့် BIMSTEC အစည်းအဝေးကို အာဆီယံ လွှတ်တော်များအဖွဲ့နှင့် အရပ်ဘက်အဖွဲ့များက ဝေဖန်နေသည့်ကြားက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအား တက်ရောက်ခွင့်ပြုခဲ့သည်။ ဆွေးနွေးပွဲတွင် ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အတွက် ဦးသန်းဆွေအပါအဝင် အဖွဲ့ဝင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုးနေသော ပုံများကိုလည်း နိုင်ငံတကာသတင်းဌာနများတွင် တွေ့မြင်ရသည်။ ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု လူသိများသော ခြောက်ကြိမ်မြောက် BIMSTEC အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင့် ဘူတန်နိုင်ငံများက တက်ရောက်လာခြင်းဖြစ်သည်။ BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီကို ပါဝင်တက်ရောက်ခွင့် မပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်များအဖွဲ့ […]

ထိုင်းတွင် လျှပ်စစ်မီတာခ စျေးနှုန်းများ လျှော့ပေးမည်

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံတွင် သုံးစွဲနေသော လျှပ်စစ်မီတာခ ဈေးနှုန်းများကို လာမည့် မေလ ၁ ရက်နေ့မှစ၍ လျှော့ချသွားရန် အစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယခင်လျှပ်စစ်မီတာခ တစ်ယူနစ် ၄ ဒသမ ၁၅ ဘတ်မှ ၃ ဒသမ ၉၉ ဘတ်သို့ လျှော့ချရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။ မီတာခလျှော့ချမှုသည် လာမည့် မေလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ လေးလတာ အကျုံးဝင်မည်ဖြစ်သည်။ အိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးလိုသော ရည်ရွယ်ချက်ဖြင့် မီတာခဈေးနှုန်းများကို လျှော့ချပေးခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ပြောသည်။ စွမ်းအင်ဝန်ကြီးဌာနက ဈေးနှုန်းများကို ၄ ရာခိုင်နှုန်းလျှော့ချပေးရန် အဆိုပြုသည့်အပေါ် ဝန်ကြီးချုပ်အဖွဲ့က မီတာခဈေးနှုန်းများ တစ်ယူနစ် ၃ ဒသမ […]

ဘန်ကောက် အဆောက်အအုံပြိုကျမှု မြန်မာလုပ်သား ၂၄ ဦး ပျောက်ဆုံးနေဆဲ

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုတွင် မြန်မာအလုပ်သမား ၂၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၁ရက်က ထုတ်ပြန်သည်။ ကျာတူးကျက်ဒေသက စာရင်းစစ်ချုပ်ရုံးအဆောက်အအုံ ပြိုကျသောနေရာသို့ ထိုင်းအလုပ်သမားဝန်ကြီး ရောက်ရှိလာပြီးနောက် ပျောက်ဆုံးနေသော အလုပ်သမားစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေပြီး ပျောက်ဆုံးနေဆဲ အလုပ်သမား ၈၃ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့ထဲတွင် ထိုင်းအလုပ်သမား ၅၅ ဦး၊ မြန်မာအလုပ်သမား ၂၄ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃ ဦးနှင့် လာအိုအလုပ်သမား ၁ ဦးတို့ ပါဝင်ကြောင်းဖော်ပြသည်။ စာရင်းစစ်ချုပ်ရုံး ပြိုကျမှုကြောင့် ဧပြီလ ၁ ရက်နေ့ ညပိုင်းအထိ သေဆုံးသူ ထိုင်းအလုပ်သမား ၁၁ ဦးနှင့် မြန်မာအလုပ်သမား ၃ ဦး […]