BREAKING
April 22, 2025

နိုင်ငံတကာသတင်း

ထိုင်းလူထု​ ထောက်ခံမှုအများဆုံး ရထားသည့် Move Forward ပါတီကို ဖျက်သိမ်းနိုင်ရေး အခြေခံဥပဒေခုံရုံးတင်မည်

Dawei Watch

March 13, 2024

ရွေးကောက်ပွဲအနိုင်ရ အတိုက်ခံပါတီဖြစ်သော Move Forward ပါတီကို ဖျက်သိမ်းရန် ရှိမရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်၍ ဆုံးဖြတ်ချက် ခံယူသွားမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ယနေ့ (မတ်လ ၁၂) တွင် ကြေညာခဲ့သည်။ တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မဲဆွယ်ကတိနှင့် ပါတီမူဝါဒများသည် ဥပဒေချိုးဖောက်ခြင်း ရှိ မရှိကို ခုံရုံးတင် စစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်က လုံးဝသဘောတူကြောင်း ထုတ်ပြန်ခဲ့သည်။ ပုဒ်မ ၁၁၂ အရ ဘုရင်၊ မိဖုရားနှင့် နန်းမွေဆက်ခံသူ သို့မဟုတ် ဘုရင်ခံ နှင့် တော်ဝင်မျိုးနွယ်များကို အသေရေဖျက်ခြင်း၊ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

March 8, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ဘန်ကောက်လေဆိပ်တွင် ပန်ဒါနီအပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို မှောင်ခိုသယ်ရန် ကြိုးပမ်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးဆောင်အိတ်တွေထဲကနေ မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ ပန်ဒါနီတစ်ကောင် အပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ်လ ၆ ရက်နေ့က ထိုင်းအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်ပေါ် လိုက်ပါမယ့် အိန္ဒိယနိုင်ငံသား ၆ ယောက်ရဲ့ ခရီးဆောင်အိတ်တွေထဲကနေ ရှာတွေ့ခဲ့တာပါ။ ခရီးဆောင်အိတ်တွေထဲကနေ ပန်ဒါနီ၊ cotton-top tamarin လို့ခေါ်တဲ့ မျောက်တစ်မျိုး၊ ကြောင်တံငါနဲ့ ဆူလာဝီစီဝက်ဝံတစ်ကောင် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

March 1, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ နှစ်နှစ်ကြာ စစ်ပွဲပြီးနောက် ရုရှားစစ်သား ၄ သိန်းကျော် သေဆုံးခဲ့ဟုဆို ယူကရိန်းနဲ့ ၂ နှစ်ကြာ စစ်ပွဲမှာ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၄ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၈၁၉ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရုရှားက တစုံတရာ မှတ်ချက်ပေးတာတော့ မရှိသေးပါဘူး။ ရုရှားကျူးကျော်စစ် ၂ နှစ်ပြည့် ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ မိန့်ခွန်းမှာတော့ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

February 23, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ၂၃ ရက်နေ့အထိ ရုရှားအတိုက်အခံခေါင်းဆောင် သေဆုံး အသက် ၄၇ နှစ်အရွယ် ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny က အာတိတ်စက်ဝိုင်းပေါ်မှာ အကျဉ်းချခံထားချိန်မှာပဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ ရှေ့နေနဲ့ မိခင်ဖြစ်သူ Lyudmila တို့ဟာ သူသေဆုံးခဲ့တဲ့ အကျဉ်းထောင်ရှိရာအရပ်က ရင်ခွဲရုံကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရောက်သွားပေမဲ့ သူ့အလောင်း အဲဒီမှာ မရှိခဲ့ပါဘူး။ သူသေဆုံးရခြင်း အကြောင်းရင်းကို တိတိကျကျမသိရှိရသေးဘဲ ရုတ်တရက်သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ဆိုထားပါတယ်။ Navalny ရုတ်တရက် သေဆုံးသွားတဲ့သတင်းထွက်ပေါ်လာပြီးနောက် မော်စကိုမြို့တော်ထဲက အထိမ်းအမှတ်နေရာမှာ ဝမ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။ ရာနဲ့ချီတဲ့ပြည်သူတွေ […]

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းဖြင့်ပြန်လွတ်

Dawei Watch

February 18, 2024

ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ၆ လ အချုပ်ခံရပြီးနောက် ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာပြီဖြစ်သည်။ သူသည် အချုပ်ထောင်ထဲတွင် တစ်ညတောင်မှမနေရဘဲ ပြန်လွတ်လာသူဖြစ်ပြီး မိသားစုနေအိမ်တွင် နေထိုင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းအကျဉ်းထောင်ထဲရှိ အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးမကောင်းသူ ၉၃၀ ဦးကို ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့တဲ့နှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံကို ပြန်လာပြီး အဖမ်းခံခဲ့သည်။ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း သူ့ထောင်ဒဏ်ကို တနှစ်သာ ကျခံရန် ထိုင်းဘုရင်က လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။ သက်ဆင်သည် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရောဂါပေါင်းများစွာကို ခံစားနေရသဖြင့် ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် လပေါင်းများစွာ နေထိုင်နေခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ Ref: […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

February 16, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ အင်ဒိုနီးရှားရွေးကောက်ပွဲ ဗိုလ်ချုပ်ဟောင်း အနိုင်ရကြောင်း ကြေညာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ မဲတွေ ရေတွက်နေဆဲမှာပဲ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က ရွေးကောက်ပွဲမှာ သူ အနိုင်ရပြီလို့ ကြေညာခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းက ရွေးကောက်ပွဲမှာသူ အနိုင်ရလိုက်တာဟာ အင်ဒိုနီးရှားပြည်သူတွေရဲ့ အောင်ပွဲလို့ ဆိုခဲ့ပါတယ်။ မဲရလဒ်ကို တရားဝင်မထုတ်ပြန်ရသေးပေမဲ့ သီးခြားလွတ်လပ်တဲ့ လူထုစစ်တမ်းတွေမှာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို Prabowo Subianto […]

ထိုင်းတွင် ဒစ်ဂျစ်တယ်သမားများကို နှစ်ရှည်ဗီဇာပေးရန် အဆိုပြု

Dawei Watch

February 14, 2024

ကမ္ဘာတဝန်းမှ ရွှေ့လျား ဒစ်ဂျစ်တယ်သမားများကို ထိုင်းနိုင်ငံက နှစ်ရှည်ဗီဇာပေးရန် အစိုးရနှင့် ပုဂ္ဂလိကကော်မတီအဖွဲ့က ပူးပေါင်း အဆိုတင်သွင်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်အကြံပေးက ယနေ့တွင် ပြောကြားခဲ့သည်။ Remote workers သမားဟု အများစုခေါ်ကြသော ရွေ့လျားသွားလာရင်း ကွန်ပြူတစ်လုံးဖြင့် အလုပ်လုပ်ကိုင်ကြမည့် ဒစ်ဂျစ်တယ် ကျွမ်းကျင်သူများ (Digital nomads) များအတွက် ထိုင်းနိုင်ငံတွင် တရားဝင် ရေရှည်လာရောက်လုပ်ကိုင်နိုင်ရန် နှစ်ရှည်ဗီဇာပေးနိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ကုန်ကျစရိတ်သက်သာမှု၊ ပွဲတော်များဖြင့် စည်ကားမှု၊ ကမ်းခြေများ၊ ကျွန်းများက ရွေ့လျားအလုပ်လုပ်သူများကြား ရေပန်းစားနေခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်များ၊ ရွေ့လျားအလုပ်လုပ်သူများ (Remote workers) ၊ စွန့်ဦးတီထွင်အလုပ်လုပ်သူများ စသော အွန်လိုင်းကအလုပ်လုပ်သူများစွာ လာရောက်နေထိုင်လုပ်ကိုင်နေကြသည်။ ထိုင်းနိုင်ငံတွင် ဒစ်ဂျစ်တယ်ရွှေ့လျားသမားများ နေထိုင်မှုများပြားခဲ့ပြီး တရားဝင် ဒစ်ဂျစ်တယ် နှစ်ရှည်ဗီဇာမရကြဘဲ ခရီးသွားဗီဇာနှင့် အခြား […]

လူသန်း ၂၀၀ ကျော်မဲပေးမည့် ကမ္ဘာ့အကြီးဆုံး တစ်ရက်တည်းရွေးကောက်ပွဲ အင်ဒိုနီးရှားတွင် ယ​နေ့ကျင်းပ

Dawei Watch

February 14, 2024

အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်တည်း ကျင်းပမည့် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲကို ယနေ့ မနက်ပိုင်းက စတင်ကျင်းပနေပြီဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ လူပေါင်း ၂၀၅ သန်းကျော် ပါဝင်လာမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း တစ်ရက်တည်း ကျင်းပသော ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲဖြစ်သည်။ ကျွန်းပေါင်း ၁၈,၀၀၀ ကျော်က အင်ဒိုနီးရှားပြည်သူ သန်း ၂၀၀ ကျော်သည် မတူညီသည့် အချိန်ဇုန် အပိုင်းအခြား ၃ ခုတွင် မဲပေးကြမည်ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် သမ္မတ၊ ဒုသမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ကြမည်ဖြစ်သည်။ အင်ဒိုနီးရှားလူငယ်များက တိုင်းပြည်အနာဂတ်ကို ရွေးချယ်ကြမည်ဖြစ်ပြီး မဲပေးခွင့်ရှိသူများတွင် အသက် ၄၀ အောက်လူငယ်များက တစ်ဝက်ပါဝင်နေကြောင်း ရွေးကောက်ပွဲကော်မရှင် စာရင်းအရ သိရသည်။ ရွေးကောက်ပွဲတွင် အသက် ၇၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို […]