ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် လိင်တူထိမ်းမြားခွင့်ပြုသော ပထမဆုံးနိုင်ငံ ဖြစ်လာတော့မည်
Dawei Watch
March 28, 2024ထိုင်းနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံး လိင်တူထိမ်းမြားခွင့်ပြုသောနိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေကို အောက်လွှတ်တော်က ယမန်နေ့ (မတ် ၂၇) တွင် တခဲနက် ထောက်ခံအတည်ပြုခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်နေကြခြင်းဖြစ်သည်။ အောက်လွှတ်တော်ကသာ အတည်ပြုထားသော လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေမှာ အထက်လွှတ်တော်နှင့် ထိုင်းဘုရင်က အတည်ပြုရန် လိုအပ်နေသေးသည်။ ထိုင်းဘုရင်က အတည်ပြုပြီးပါက စတင်အသက်ဝင်မည်ဖြစ်ပြီး အာရှတွင် ထိုင်ဝမ်၊ နီပေါနိုင်ငံများနောက်တွင် တတိယမြောက်နိုင်ငံဖြစ်လာမည်ဖြစ်သည်။ လိင်တူချင်းထိမ်းမြားခွင့်ဥပဒေသည် ထိုင်းပါတီကြီးများအားလုံး၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ပြီး အမတ် ၄၁၅ ဦးတွင် ထောက်ခံမဲ ၄၀၀ အထိ ရရှိခဲ့ခြင်းဖြစ်သည်။ ဥပဒေအရ အမျိုးသား၊ အမျိုးသမီးကြား လက်ထပ်မှုဟု မသုံးစွဲတော့ဘဲ လူအချင်းချင်းကြား နှစ်ဦးသဘောတူ လက်ထပ်မှုဟု […]