မဲဆောက်ကလေယာဉ် စစ်တပ်အရာရှိများ မပါဘဲထွက်ခွာ၊ စစ်ကောင်စီက အစီအစဉ်များဖျက်သိမ်း
Dawei Watch
April 8, 2024ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ မနေ့ (ဧပြီ ၇) ညပိုင်းက ဆင်းသက်လာသော စစ်ကောင်စီလေယာဉ်က စစ်တပ်အရာရှိများ မပါဘဲ ပြန်လည်ထွက်ခွာသွားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။ ဒုတိယနေ့နှင့် တတိယနေ့တွင် ဆင်းသက်မည့် လေယာဉ်ခရီးစဉ်များကိုလည်း မြန်မာစစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ်က ယနေ့တွင် အတည်ပြုပြောဆိုလိုက်သည်။ မြဝတီမြို့က သင်္ဃန်းညီနောင်စခန်းကို KNU နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ထွက်ပြေးလာသော စစ်အရာရှိများကို ပြန်ခေါ်နိုင်ရေး လေယာဉ်ဆင်းသက်ခွင့်ပြုရန် ထိုင်းအစိုးရထံသို့ စစ်ကောင်စီအဖွဲ့က တောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ ဧပြီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာ လေယာဉ်ဆင်းသက်ခွင့်ပြုရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ စစ်ကောင်စီက တောင်းဆိုထားခြင်းဖြစ်သည်။ ယင်းနောက် ဧပြီလ ၇ ရက်နေ့ ည ၉ နာရီခွဲ […]