ထိုင်းနိုင်ငံရေးအကျဉ်းသူသေဆုံးပြီးနောက် ထိုင်းအစိုးရအပေါ် ဝေဖန်မှု စုပြုံအုံကျ
Dawei Watch
May 17, 2024ထိုင်းနိုင်ငံက လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံရေးအကျဉ်းသူ Netiporn Sanesangkhom ရဲ့ သေဆုံးမှုအတွက် အစိုးရဘက်ကနေ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လျင်လျင်မြန်မြန် စုံစမ်းစစ်ဆေးပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မေလ ၁၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ထိုင်းဘာသာစကားနဲ့ “ကောင်းကင်အနှံ့”လို့ အဓိပ္ပါယ်ရတဲ့ Thalufah လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖွဲ့က အစိုးရအဖွဲ့ရုံး ဟစ်တိုင်ဌာနကနေတစ်ဆင့် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ တောင်းဆိုချက်ထဲမှာ Netiporn သေဆုံးမှုကို ပွင့်လင်းမြင်သာမြန်ဆန်စွာ စုံစမ်းစစ်ဆေးပေးရေး ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ ရေးဆွဲနေဆဲ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေအတည်မပြုရသေးခင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထောင်ချမှုတွေ ဆိုင်းငံ့ပေးရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို အမြန်ဆုံးနည်းနဲ့ အပြီးသတ်ရေးဆွဲပြဌာန်းပေးရေးတို့ ပါဝင်ပါတယ်။ ဒါပေမယ့် ထိုင်းပါလီမန်အမတ်တွေဘက်ကတော့ လက်ရှိရေးဆွဲနေဆဲ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေထဲမှာ Lese-majeste law လို့ လူသိများတဲ့ ထိုင်းဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာမျိုး လုပ်လို့မရအောင် […]