ဥရောပသမဂ္ဂ ဗီဇာပယ်ချပြီး ငွေအသားတင်သဲ့ယူ
Dawei Watch
June 10, 2024ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေဟာ သူတို့ဆီ လျှောက်ထားတဲ့ ဗီဇာလျှောက်လွှာတွေကို ပယ်ချရာကနေ နှစ်စဉ် ယူရို သန်း ၁၃၀ အသားတင်အမြတ်ထွက်နေတယ်လို့ သိရပါတယ်။ EU ဗီဇာလျှောက်ထားကြသူတွေဟာ သူတို့ရဲ့ လျှောက်လွှာ ငြင်းပယ်ခံရရင်တောင်မှ သူတို့ ပေးသွင်းထားတဲ့ ဗီဇာကြေးတွေကို ပြန်မရကြပါဘူး။ EU ဗီဇာပယ်ချခံရသူ ၉၀ ရာခိုင်နှုန်းဟာ အာဖရိကနဲ့ အာရှသားတွေ ဖြစ်ကြပါတယ်။ အချက်အလက်တွေရ EU ဗီဇာနဲ့ ယူကေဗီဇာပယ်ချခံရမှုအများဆုံးနိုင်ငံတွေဟာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနိမ့်တိုင်းပြည်တွေ ဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေ (အထူးသဖြင့် ဂါနာ၊ ဆီနီဂေါ ၊ နိုင်ဂျီးရီးယားစတဲ့ နိုင်ငံတွေ)က ဗီဇာပယ်ချခံရမှုနှုန်းဟာ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအကြား ရှိနေပါတယ်။ မော်ရိုကိုနဲ့ အယ်လ်ဂျီးယားဟာ EU ဗီဇာလျှောက်ထားသူ အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက […]