တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
July 6, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ အိန္ဒိယမှာ မိုးကြီးလို့ လေဆိပ်ခေါင်မိုးပြိုကျ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ဇွန်လ ၂၉ ရက်နေ့က ဂန္ဒီနိုင်ငံတကာလေဆိပ်ရဲ့ခေါင်မိုး တစ်ပိုင်း ပြိုကျခဲ့ပါတယ်။ ခေါင်မိုးပြိုကျခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာပါ။ အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ်ထဲက တစ်ခုဖြစ်တဲ့ နယူးဒေလီရဲ့ အဓိကလေဆိပ်ရှိရာနေရာမှာ ၂၄ နာရီထဲ မိုးရေချိန် ၉ လက်မလောက် ရွာသွန်းခဲ့ပါတယ်။ ဒီပမာဏဟာ နယူးဒေလီမြို့မှာ သတ်မှတ် မိုးရေပမာဏထက် ၃ ဆ ပိုများနေခဲ့ပါတယ်။ မိုးကြောင့် လေဆိပ်အမှတ် ၁ […]