BREAKING
April 21, 2025

နိုင်ငံတကာသတင်း

သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ရွေးကောက်ပွဲက နုတ်ထွက်

Dawei Watch

July 22, 2024

လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။ ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်းအဖြစ် အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်သော ကာမလာ ဟဲရစ် (Kamala Harris) ကို အစားထိုးရန် ဂျိုးဘိုင်ဒင်က ထောက်ခံပြောဆိုခဲ့သည်။ အကယ်၍ ကာမလာ ဟဲရစ် (Kamala Harris) သာ သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်က တင်မြောက်လိုက်ပါက အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီးသမ္မတလောင်း ဖြစ်လာမည်ဖြစ်သည်။ အမေရိကန်သမ္မတဟောင်း အိုဘားမားအပါအဝင် ပါတီဝင်များက နိုင်ခြေနည်းနေသဖြင့် လာမည့်ရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်ကို ဝင်ရောက်မယှဉ်ပြိုင်ရန် ဖိအားပေးတိုက်တွန်းခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်က နုတ်ထွက်လိုက်ခြင်းဖြစ်သည်။ လာမည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပမည့် အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲမှ ဒီမိုကရက်တစ်ပါတီဘက်က အသက် ၈၁ နှစ်အရွယ် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

July 19, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ အိုင်တီနည်းပညာ ချို့ယွင်းမှုကြောင့် ကမ္ဘာတဝန်း လေယာဉ်၊ ဘဏ်လုပ်ငန်းနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ အခက်ကြုံ ကမ္ဘာတစ်ဝန်း ဇူလိုင်လ ၁၉ ရက်နေ့က ဆက်သွယ်ရေးအိုင်တီနည်းပညာ ချို့ယွင်းကာ ပြဿနာပေါ်ပေါက်ခဲ့လို့ လေကြောင်းခရီးစဉ်တွေ ဘဏ်လုပ်ငန်းတွေနဲ့ အခြားဆက်သွယ်ရေးဝန်ဆောင်မှုတွေ အခက်အခဲကြုံတွေ့ခဲ့ကြပါတယ်။ အမေရိကန်၊ စင်ကာပူ၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အိန္ဒိယနဲ ဩစတေးလျနိုင်ငံတွေက လေကြောင်းလိုင်းတွေ ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းတွေ အဓိက အခက်ကြုံခဲ့ကြတာပါ။ Microsoft နဲ့ ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike တို့ရဲ့ နည်းပညာတွေ ချို့ယွင်းခဲ့ကြတာဖြစ်ပြီး အကြောင်းအရင်းကို ရှာဖွေဖြေရှင်းဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ နည်းပညာပြဿနာပေါ်ပေါက်လာခဲ့လို့ အမေရိကန်ပြည်ထောင်စုက လေယာဉ်အများစု မြေပြင်ဆင်းသက်ခဲ့ရပါတယ်။ စင်ကာပူက […]

ဘင်္ဂလားဒေ့ရှ်မှာ ပဋိပက္ခပြင်းထန်နေပြီး ဆန္ဒပြပွဲအတွင်း လူပေါင်းဒါဇင်နဲ့ချီသေဆုံး

Dawei Watch

July 19, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုက အရှိန်မြင့်တက်နေပါတယ်။ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြာင့် တစ်ပတ်အတွင်း လူပေါင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ကြတာပါ။ ဇူလိုင်လ ၁၉ ရက်နေ့အထိ သေဆုံးသူ ၃၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အတိုက်အခံပါတီဖြစ်တဲ့ Bangladesh Nationalist Party (BNP) ပါတီရဲ့ အတွင်းရေးမှူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဒါကာမြို့တော်မှာ လူစုလူဝေးခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ အစိုးရအမှုထမ်းရာထူးတွေကို လွတ်လပ်ရေးတိုက်ပွဲဝင် စစ်ပြန်မိသားစုတွေအတွက် ဦးစားပေးခွဲတန်း ချမှတ်မှုအပေါ် မကျေမနပ်ဖြစ်ရာကနေ ဆန္ဒပြ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာတာခဲ့တာဖြစ်ပါတယ်။ အစိုးရအလုပ် ၅၆ ရာခိုင်နှုန်းလောက်ကို စစ်ပြန်မိသားစုတွေ အတွက်ဆိုပြီး သီးသန့်ချန်ထားပြီး ကျန်တဲ့နေရာတွေအတွက် သာမန်ပြည်သူ ၆ သိန်းလောက်က ဝင်ရောက် ယှဉ်ပြိုင်ကြိုးစားရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း အလားတူ […]

ကမ္ဘာတစ်ဝန်း နည်းပညာချို့ယွင်းမှုကြောင့် လေယာဉ်၊ ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲဖြစ်

Dawei Watch

July 19, 2024

ကမ္ဘာတစ်ဝန်းတွင် ယနေ့ ဆက်သွယ်ရေးအိုင်တီနည်းပညာ ချို့ယွင်းကာ ပြဿနာပေါ်ပေါက်နေသဖြင့် လေကြောင်းခရီးစဉ်များ၊ ဘဏ်လုပ်ငန်းများနှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲကြုံနေကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာလုပ်ငန်း ပြဿနာပေါ်ပေါက်လာခြင်းကြောင့် အမေရိကန်၊ စင်ကာပူ၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အိန္ဒိယနှင့် ဩစတေးလျနိုင်ငံများရှိ လေကြောင်းလိုင်းများနှင့် ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းများ အခက်အခဲကြုံနေကြခြင်းဖြစ်သည်။ Microsoft နှင့် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike တို့တွင် နည်းပညာချို့ယွင်းကာ ပြဿနာဖြစ်နေခြင်းဖြစ်ပြီး နည်းပညာချို့ယွင်းသည့် အကြောင်းအရင်းကို ရှာဖွေဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ဆိုထားသည်။ နည်းပညာပြဿနာပေါ်ပေါက်လာခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုရှိ လေယာဉ်အများစု မြေပြင်ဆင်းသက်ထားကြောင်း ထုတ်ပြန်ထားသည်။ စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း Check in ဝင်ရောက်သည့်နည်းစနစ် ပြတ်တောက်နေသဖြင့် လူအစားထိုးပြုလုပ်နေရပြီး အချိန် ကြန့်ကြာမှုရှိနေကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် လေဆိပ်တွင် စောင့်ဆိုင်းနေသော ခရီးသည်လူတန်းရှည်ဖြစ်လာနေပြီး […]

ဘန်ကောက်ဟိုတယ် ၆ လောင်းပြိုင်သေဆုံးမှု အချင်းချင်း အဆိပ်ခတ်သတ်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

Dawei Watch

July 17, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီးဇိမ်ခံဟိုတယ်တစ်ခုတွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးမှုတွင် အကြွေးကိစ္စများကြောင့် အချင်းချင်းအဆိပ်ခတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ဘန်ကောက်မြို့လယ်ရှိ ဟိုတယ်အခန်းထဲတွင် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့မှုအတွက် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်သော FBI (Federal Bureau of Investigation) အပါအဝင် ထိုင်းရဲတပ်ဖွဲ့၊ ဗီယက်နမ်အာဏာပိုင်များနှင့် ပူးပေါင်းဖြေရှင်းခဲ့ပြီးနောက် အမှုဖြေရှင်းချက်ကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ သေဆုံးသူများသည် ဆိုင်ရာနိုက် (cyanide) အဆိပ်ပါဝင်သော ကော်ဖီနှင့် လက်ဖက်ရည်ကို သောက်သုံးပြီးနောက် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ သေဆုံးသူ ခြောက်ဦးအနက် တစ်ဦးတွင် ဒေါ်လာ ၂၇၈,၀၀၀ ကျော် အကြွေးပြဿနာရှိနေပြီး အကြွေးကိစ္စနှင့်ပတ်သက်၍ တစ်ဦးက ကျန်သူများကို အဆိပ်ခတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း […]

ဘန်ကောက်ရှိ ဇိမ်ခံဟိုတယ်တွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်းသေဆုံးမှု FBI ကိုခေါ်ယူထားဟုဆို

Dawei Watch

July 17, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၏ ဇိမ်ခံဟိုတယ်တစ်လုံးတွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်အပါအဝင် ရဲတပ်ဖွဲ့များက အမှုကို ဖြေရှင်းနိုင်ရန် အပူတပြင်း ကြိုးစားနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး လူဖီနီနေရာအနီး၏ ဟိုတယ်တစ်ခုတွင် ယမန်နေ့ (ဇူလိုင် ၁၆) ညပိုင်းက သေဆုံးနေသော အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံသား ၆ ဦး၏ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသားများသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရန် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်သော FBI (Federal Bureau of Investigation) ကိုလည်း ခေါ်ယူထားပြီး ဗီယက်နမ်နိုင်ငံသားများ သေဆုံးမှုအတွက် ဝန်ကြီးချုပ် ဆေ့ထာထဝီဆင်က ဗီယက်နမ်သံအမတ်နှင့် ညတွင်းချင်း ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ထို့နောက် ဝန်ကြီးချုပ်က […]

သမ္မတလောင်း ဒေါ်နယ်ထရမ့်သေနတ်ဖြင် ပစ်ခတ်ခံရ၍ ဒဏ်ရာအနည်းငယ်ရ

Dawei Watch

July 14, 2024

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ရှိ ဘတ်တလာမြို့တွင် ကျင်းပသော မဲဆွယ်စည်းရုံးရေးအခမ်းအနားတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်ဖြင့် ပစ်ခတ်ရန်ကြိုးစားခဲ့ပြီး ဒဏ်ရာအနည်းငယ် ရရှိသွားသည်။ လက်ရှိဖြစ်စဉ်အရ ဒေါ်နယ်ထရမ့်ကို လုပ်ကြံလိုသော အုပ်စုတစ်ခုရှိနေသည်ဟု ယူဆရဖွယ်ရှိနေပြီး ကျည်ဆန်မှာ ဒေါ်နယ်ထရမ့်၏နားရွက်ကို ရှပ်ထိသွားခဲ့ကြောင်း သတင်းများက ရေးသားဖော်ပြနေကြသည်။ သေနတ်သမားက သေနတ်ပစ်လိုက်အပြီးတွင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားလိုက်ရပြီး နောက်ဆုံးရရှိသော သတင်းများအရ ထရမ့်မှာ ဒဏ်ရာရရှိသွားသည်ဟု သိရှိရသည်။ အမေရိကန်ပြည်ထောင်စု လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကလည်း သေနတ်နှင့်ပစ်ခတ်လုပ်ကြံရန် ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်လိုက်ပြီး သတင်းအတည်ပြုချက်တွေများမှာလည်း ကွဲပြားမှုများရှိနေသည်ကို မြင်တွေ့ကြရသည်။ အချို့သောသတင်းရင်းမြစ်များက သေနတ်သမားနှင့် မဲဆွယ်စည်းရုံးရေးအခမ်းအနားသို့ တက်ရောက်လာသူတစ်ဦး အသက်ဆုံးရှုံးကာ လုံခြုံရေးတာဝန်ယူထားသူ နှစ်ဦးနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ရေးသားနေပြီး အချို့သောသတင်းဌာနများကမူ သမ္မတဟောင်း ဒေါ်နယ်ထရမ့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 12, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ အီရန်တွင် ပြုပြင်ပြောင်းလဲလိုလားသူ သမ္မတအသစ်ဖြစ်လာ အီရန်နိုင်ငံမှာ ဇူလိုင်လ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ Masoud Pezeshkian ကအနိုင်ရရှိခဲ့ပါတယ်။ သူက မဲရလဒ် ၅၃ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့တာပါ။ ပြည်သူတွေရဲ့ ယုံကြည်မှု၊ စာနာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့သာ ချောချောမွေ့မွေ့ သွားနိုင်မှာ ဖြစ်တယ်လို့ သမ္မတသစ်က ကြေညာခဲ့ပါတယ်။ သူက အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူက လူမှုအသိုင်းအဝိုင်းထဲမှာ ပိုပြီးလွတ်လပ်ခွင့်ပေးဖို့နဲ့ နိုင်ငံရေးမှာ အများပါဝင်လာနိုင်ရေးတွေကိုလည်း ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံ […]