ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပြီး နိုင်ငံကထွက်ပြေး
Dawei Watch
August 5, 2024နိုင်ငံတဝန်း ဆန္ဒပြပွဲများ ဆက်တိုက်ပြင်းထန်လာပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ရာထူးက နုတ်ထွက်လိုက်ပြီး နိုင်ငံက ထွက်ပြေးသွားပြီဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။ ဩဂုတ်လ ၄ ရက်နေ့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ရဲတပ်ဖွဲ့နှင့် လူပေါင်း ၁၀၀ ခန့်အထိ သေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယနေ့ ဩဂုတ်လ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးအထိ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး မြို့တော် ဒါကာရှိ ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ရာထူးက နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး ရဟတ်ယာဉ်ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်ကြောင်း အတည်ပြုထားသည်။ ၎င်းမှာအိန္ဒိယနိုင်ငံသို့ ထွက်ပြေးနိုင်ကြောင်း ယူဆထားကြသော်လည်း တိတိကျကျ မသိရသေးပေ။ ဝန်ကြီးချုပ် ထွက်ပြေးသွားပြီးနောက် […]