BREAKING
April 21, 2025

နိုင်ငံတကာသတင်း

ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် သက်ဆင်သမီးကို အမည်တင်သွင်းဖွယ်ရှိ

Dawei Watch

August 15, 2024

ထိုင်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကို မနက်ဖြန် သောကြာနေ့ နံနက် ၁၀ နာရီတွင် လွှတ်တော်၌ မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့ ခေါင်းဆောင်ပါတီဖြစ်သော Pheu Thai ပါတီဘက်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ Paetongtarn Shinawatra ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ကြေညာလိုက်သည်။ ယမန်နေ့ညက တရားရေးဝန်ကြီးဟောင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဟောင်းဖြစ်သော အသက် ၇၅ နှစ်အရွယ် Chaikasem Nitisiri ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းရန် သဘောတူနေခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် သက်ဆင်သမီးကို တင်သွင်းရန် ရည်ရွယ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် မနက်ဖြန်တင်သွင်းမည့် ညွန့်ပေါင်းအဖွဲ့က တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းမှာ မည်သူဖြစ်မည်ဆိုသည်ကို ပါတီဦးဆောင်သူများနှင့် […]

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို ရာထူးက ရပ်နား

Dawei Watch

August 14, 2024

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို လက်ရှိရာထူးက ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။ ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်တာဝန် ရယူခဲ့သော စေထာ ထဝီဆင်သည် ၁၁ လသာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်​ခဲ့ရသည်။ လက်ရှိဝန်ကြီးချုပ်နေရာက ရပ်နားခံလိုက်ရပြီးနောက် ၎င်း၏ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ်အသစ်အပါအဝင် အစိုးရအသစ်အဖွဲ့ဝင်များ နောက်ထပ် သစ္စာမဆိုခင်ကာလတွင် ယာယီအစိုးရအဖွဲ့က အစားထိုးတာဝန်ယူထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝန်ကြီးချုပ်အသစ်နေရာအတွက် Pheu Thai ပါတီခေါင်းဆောင် သက်ဆင်သမီး Paetongtarn Shinawatra နှင့် Chaikasem Nitisiri နှင့် ဆေးခြောက်ပါတီဟု နာမည်ကြီးသော […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်အောင်ပွဲက ဒုတိယအကြိမ် လွတ်လပ်ရေးရခဲ့တာလို့ဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကြောင့် ဒုတိယအကြိမ် လွတ်လပ်ရေးရရှိခဲ့ပြီလို့ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ နိုင်ငံကို ပြန်ရောက်လာတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမတ်စ် ယွန်နတ်စ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံကို ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားအောင် သူ့အစိုးရအနေနဲ့ ကြိုးပမ်းသွားမယ်လို့ ဩဂုတ်လ ၈ ရက်နေ့ ကျန်းသစ္စာဆိုပွဲမှာ ပြောကြားလိုက်တာပါ။ ဒီလိုဖြစ်အောင် ကြိုးပမ်းခဲ့ကြတဲ့ လူငယ်တွေကို ကျေးဇူးတင်တယ်လို့ သူက ဆိုပါတယ်။ လူငယ်၊ ကျောင်းသားတွေဟာ နိုင်ငံကိုကာကွယ်ပြီး တိုးတက်တဲ့နိုင်ငံသစ်ဆီ အရှိန်နဲ့သွားနိုင်ဖို့ နိုင်ငံကို အသစ်တဖန်မွေးဖွားပေးခဲ့တယ်လို့ ပြောကြားခဲ့တာပါ။ ကျောင်းသားတွေ အချိန်အပတ်များစွာ ဆန္ဒပြခဲ့ကြတဲ့နောက် […]

Move Forward ပါတီဝင်များ People’s Party အမည်ဖြင့် ပါတီသစ်ထောင်

Dawei Watch

August 9, 2024

ဖျက်သိမ်းခံလိုက်ရသော Move Forward ကို People’s Party အမည်ဖြင့် ပါတီသစ်ထောင်မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၉ ရက်တွင် ကြေညာသည်။ Move Forward ပါတီဝင်အမတ် ၁၄၀ ကျော်ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းတည်ထောင်မည့် People’s Party (ပြည်သူ့ပါတီ) ၏ နိုင်ငံရေးသဘောထားမှာ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနှင့် သဟာယစိတ်ဓာတ် ဟူသော ဆောင်ပုဒ်ဖြစ်သည်။ ပါတီခေါင်းဆောင်အဖြစ် ချူလာလောင်ကွန်းတက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာမေဂျာဖြင့် ဘွဲ့ရထားသော အသက် ၃၇ အရွယ်ရှိ Mr. Nattapong Ruangpanyawut ကို ခန့်အပ်လိုက်သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် နှစ်ကြိမ်အနိုင်ရရှိထားသော လူငယ်အမတ်တစ်ဦးဖြစ်သည်။ ဖျက်သိမ်းခံရသော Move Forward ပါတီ၏ လွှတ်တော်အမတ် ၁၄၃ ဦးစလုံးသည် ပါတီအသစ်ထံသို့ ပါတီဝင်များအဖြစ် လျှောက်ထားပြီးဖြစ်ကြောင်း […]

Move Forward ပါတီဝင်များ အသစ်ထောင်မည့်ပါတီကို မနက်ဖြန်ကြေညာမည်

Dawei Watch

August 8, 2024

ယမန်နေ့က ဖျက်သိမ်းခံလိုက်ရသော ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဝင်အမတ် ၁၄၀ ကျော်သည် အသစ်တည်ထောင်မည့်ပါတီသို့ အားလုံးပြောင်းရွှေ့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ အသစ်တည်ထောင်မည့် ပါတီကို မနက်ဖြန် ဩဂုတ်လ ၉ရက် နေ့လယ်ပိုင်းတွင် ကြေညာသွားမည်ဖြစ်ပြီး ပါတီအသစ်၏ ခေါင်းဆောင်ကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ ဖျက်သိမ်းခံရသော Move Forward ပါတီ၏ လွှတ်တော်အမတ်များသည် တည်ဆဲပါတီတစ်ခုသို့ ရက် ၆၀ အတွင်း ပြောင်းရွှေ့မှသာ လွှတ်တော်အမတ်အဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သောနှစ် မေလရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချလိုက်ပြီးနောက် ပါတီလက်မဲ့ဖြစ်သွားသည့် ပါတီဝင်အားလုံး ပါတီအသစ်ထောင်ရန် ဖြစ်လာခဲ့ကြသည်။ Move Forward ပါတီခေါင်းဆောင်ပိုင်းများဖြစ်သော ပီထာအပါအဝင် ပါတီဦးဆောင်သူ ၁၁ […]

မြန်မာဘက်ပို့မည့် starlink များကို မဲဆောက်တွင် ထိုင်းရဲဖမ်း၊ မြန်မာ ၁၀ ဦးပါ ဖမ်းဆီးခံရ

Dawei Watch

August 7, 2024

မြန်မာနိုင်ငံသို့ ပို့မည့် StarLink အင်တာနက်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် သိမ်းဆည်းရမိပြီးနောက် အမှုနှင့် သက်ဆိုင်သည်ဟု ယူဆရသော မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် မဲဆောက်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းခဲ့သည်။ Starlink များသည် နယ်စပ်ဖြတ်ကျော်ပြီး မြဝတီမြို့တွင် အွန်လိုင်းလောင်းကစားများနှင့် Call Center များကဲ့သို့ အွန်လိုင်းရာဇဝတ်မှုများတွင် အသုံးပြုနိုင်ဖွယ်ရှိကြောင်း သံသယဖြင့် ခြေရာခံနေရာမှ ထောက်လှမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ စာတိုက်မှတစ်ဆင့် StarLink အင်တာနက် ၁၀ လုံးကို ပို့ဆောင်လာသည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထဲတွင် Starlink ၁၀ လုံးကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်း Starlink ပစ္စည်းများကို […]

ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းခံရ

Dawei Watch

August 7, 2024

ပြီးခဲ့သောနှစ် မေလရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဇူလိုင်လ ၇ ရက် ညနေ သုံးနာရီခွဲတွင် အမိန့်ချမှတ်လိုက်သည်။ ပါတီခေါင်းဆောင်ပိုင်းများဖြစ်သော ပီထာအပါအဝင် ပါတီဦးဆောင်သူများကိုလည်း နိုင်ငံရေး ဆက်လုပ်ခွင့် ၁၀ နှစ် ခုံရုံးက ပိတ်ပင်လိုက်သည်။ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဖျက်သိမ်းရေးနှင့် ပါတီခေါင်းဆောင်ပိုင်းများကို နိုင်ငံရေးက ရပ်နားရေး ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သော မတ်လ ၂၉ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ထားခြင်း ဖြစ်သည်။ တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မဲဆွယ်ကတိနှင့် ပါတီမူဝါဒများသည် ဥပဒေ ချိုးဖောက်ခြင်း ရှိ […]

ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပြီး နိုင်ငံကထွက်ပြေး

Dawei Watch

August 5, 2024

နိုင်ငံတဝန်း ဆန္ဒပြပွဲများ ဆက်တိုက်ပြင်းထန်လာပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ရာထူးက နုတ်ထွက်လိုက်ပြီး နိုင်ငံက ထွက်ပြေးသွားပြီဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။ ဩဂုတ်လ ၄ ရက်နေ့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ရဲတပ်ဖွဲ့နှင့် လူပေါင်း ၁၀၀ ခန့်အထိ သေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယနေ့ ဩဂုတ်လ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးအထိ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး မြို့တော် ဒါကာရှိ ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ရာထူးက နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး ရဟတ်ယာဉ်ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်ကြောင်း အတည်ပြုထားသည်။ ၎င်းမှာအိန္ဒိယနိုင်ငံသို့ ထွက်ပြေးနိုင်ကြောင်း ယူဆထားကြသော်လည်း တိတိကျကျ မသိရသေးပေ။ ဝန်ကြီးချုပ် ထွက်ပြေးသွားပြီးနောက် […]