ထိုင်းမြေအောက်ရထားလမ်းမြေပြိုမှုတွင် ပိတ်မိနေသူသုံးဦးကို သုံးရက်နီးပါးကြာအထိ မကယ်နိုင်သေး
Dawei Watch
August 27, 2024ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသော မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် သုံးဦးကို ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းအထိ ကယ်တင်နိုင်ခြင်းမရှိသေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြေအောက်ရထားလမ်းလုပ်ငန်းခွင် ပြိုကျမှုသည် ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီးနောက် သုံးရက် နီးပါးကြာသည်အထိ ပိတ်မိနေသူသုံးဦးကို ကယ်တင်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်။ ပြိုကျမှုဖြစ်ခဲ့ပြီးနောက် နာရီ ၆၀ ခန့်အကြာ ယနေ့ နေ့လယ်ပိုင်းက ပိတ်မိနေသူများ အသက်ရှင်နေသးသည်ဟု ယုံကြည် ရသော လက္ခဏာ (vital signs) ကို စစ်ဆေးတွေ့ရှိရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့တွင် တရုတ်အဖွဲ့များကပါ ဝင်ရောက်ပူးပေါင်းလာခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေ […]