လွှတ်တော် ဖျက်သိမ်းကြောင်း သီရိလင်္ကာ သမ္မတသစ် ကြေညာ
Dawei Watch
September 25, 2024မကြာသေးမီက ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် သီရိလင်္ကာသမ္မတသစ်က တစ်နှစ်သက်တမ်း ကျန်သေးသော လက်ရှိလွှတ်တော်ကို ဖျက်သိမ်း၍ လွှတ်တော်ရွေးကောက်ပွဲသစ် ခေါ်ယူကျင်းပမည်ဟု ကြေညာလိုက်သည်။ သီရိလင်္ကာနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ဖြစ်သည်။ ငါးနှစ်သက်တမ်းရှိသည့် လက်ရှိလွှတ်တော်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လမှသာ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ စုစုပေါင်း နေရာ ၂၂၄ နေရာဖြင့် ဖွဲ့စည်းထားသည့် သီရိလင်္ကာလွှတ်တော်တွင် သမ္မတသစ် ဒစ်ဆန်နစ်ယာကာ၏ National People’s Power (NPP) ပါတီက ၃ နေရာသာ ရရှိထားသည်။ သမ္မတသစ်အနေဖြင့် ၎င်း၏ မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် အခက်အခဲရှိနေသည်။ ယင်းကြောင့် လက်ရှိလွှတ်တော်ကို ဖျက်သိမ်း၍ ၎င်းတို့ ပိုမိုထိန်းချုပ်နိုင်မည့် လွှတ်တော်သစ် ဖွဲ့စည်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။ […]