BREAKING
April 20, 2025

နိုင်ငံတကာသတင်း

တရုတ်အပေါ် သဘောထားတင်းမာသည့် ဆီးနိတ်အမတ် ကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖွယ်ရှိ

Dawei Watch

November 13, 2024

အမေရိကန် အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်သည် ဆီးနိတ်အမတ် မာကိုရူဘီယိုအား ၎င်းအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ််ဖို့ ရှိနေကြောင်း ထရမ့်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များကို ကိုးကား၍ The New York Times က  တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရတော့မည့် ဒေါ်နယ်ထရမ့်သည်၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ပြင်ဆင်လျက်ရှိပြီး အမျိုးသားလုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး အလျှင်အမြန် ကြိုးပမ်းလျက်ရှိသည်။ ထရမ့်အနေဖြင့် ဆုံးဖြတ်ချက်ကို နောက်ဆုံးအချိန်အထိ ပြင်ဆင်နိုင်သေးသော်လည်း မာကိုရူဘီယိုအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးဖြစ်ပုံပေါ်ကြောင်း အဆိုပါပုဂ္ဂိုလ်များက ပြောသည်။ မာကိုရူဘီယို နိုင်ငံခြားရေးဝန်ကြီးဖြစ်လာလျှင် အဓိကကြုံရမည့် မေးခွန်းမှာ အမေရိကန်အနေဖြင့် တရုတ်ကို ပိုဦးစားပေးကိုင်တွယ်နိုင်ရန်အတွက် အခြားနိုင်ငံများမှ ၎င်းတို့၏ ပါဝင်စွက်ဖက်မှုများကို စွန့်လွှတ်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။ […]

ဗီယက်နမ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဖမ်းဆီးခံရ

Dawei Watch

November 11, 2024

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဗီယက်နမ်အစိုးရပိုင် မီဒီယာက စနေနေ့က အသိပေးထုတ်ပြန်ခဲ့သည်။ အစိုးရကို ဆန့်ကျင်သူများအား နှိပ်ကွပ်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံတွင် ယင်းဖြစ်ရပ်က ယခုနောက်ဆုံး ပူပူနွေးနွေးထွက်ပေါ်လာခြင်း ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူသည် ထရန်ခက်ဒွတ်ခ်အမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံကို ဆန့်ကျင်ရန် ရည်ရွယ်သည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများ၊ ပစ္စည်းများကို ဖန်တီး၊ သိုလှောင်၊ ဖြန့်ဝေမှုများဖြင့် စွဲချက်တင်ထိန်းသိမ်းခံထားရကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းမှာ စက်တင်ဘာလကတည်းက ထိန်းသိမ်းခံထားရသော်လည်း အစိုးရပိုင်မီဒီယာမှ စနေနေ့တွင် ပထမဆုံး အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဒွတ်ခ်သည် ဒီမိုကရေစီနှင့် ပဒေသာစုံဖြစ်ထွန်းမှုအစည်းအရုံး(Assembly for Democracy and Pluralism) နှင့် ပတ်သက်ဆက်နွှယ်နေသူတစ်ဦး ဖြစ်သည်။ ယင်းအဖွဲ့အစည်း၏ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ စပိန်ရေဘေးကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ စပိန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ရေကြီးရေလျှံဖြစ်လာခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့အထိဆိုရင် သေဆုံးသူ အနည်းဆုံး ၂၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းက ဗလန်စီယာဒေသ တစ်ခုထဲမှာတင် သေဆုံးသူ ၂၀၀ ကျော်ခဲ့တာပါ။ ပျောက်ဆုံးနေသူတွေလည်း ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ဝင်ရောက်တဲ့ မုန်တိုင်းကြောင့် ပျက်စီးမှုတွေကနေ စပိန်နိုင်ငံမှာ လူသေဆုံးမှုတွေအထိ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာလည်း မော်တော်ကားတွေ၊ အပျက်အစီးတွေ ပုံနေခဲ့တာပါ။ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး သောက်သုံးရေ မရတဲ့အပြင် ဖုန်း အဆက်အသွယ်လည်း […]

ဂျာမနီ၏ မီးပွိုင့်ညွန့်ပေါင်းအစိုးရ ပြိုကွဲ

Dawei Watch

November 8, 2024

အားနည်းနေသည့် နိုင်ငံ့စီးပွားရေး ပြန်လည်ထူမတ်ရေး မူဝါဒချည်းကပ်ပုံ အငြင်းပွားမှုများကြောင့် ဂျာမနီ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ သက်တမ်းရှည် အဓိပဓိ အန်ဂျလာမာကဲလ် အနားယူပြီးနောက် တက်လာသည့် ဆိုရှယ်ဒီမိုကရက်ပါတီဦးဆောင်သော လက်ရှိညွန့်ပေါင်းအစိုးရသည် အနီ၊ အဝါ၊ အစိမ်း အရောင်သုံးရောင်နှင့် ပါတီသုံးခုကို စုစည်းထားခြင်းကြောင့် ‘မီးပွိုင့်’ညွန့်ပေါင်းအစိုးရဟု နာမည်ကျော်သည်။ အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ လပေါင်းများစွာ သဘောထားကွဲလွဲတင်းမာနေခဲ့ရာမှ ယခုအပတ် ဗုဒ္ဓဟူးနေ့တွင် ဂျာမန်အဓိပတိ Olaf Scholz က ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ LInder ကို အစိုးရအဖွဲ့အတွင်းမှ ထုတ်ပယ်လိုက်သည်။ ယင်းနောက် ဘဏ္ဍာရေးဝန်ကြီး Linder ၏ လွတ်လပ်သော ဒီမိုကရက်ပါတီ (FDP) ကပါ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။ ယင်းကြောင့် ဂျာမန်အဓိပတိ Olaf Scholz ၏ […]

ထရမ့် သမ္မတဖြစ်ပြီဟု အမေရိကန်သတင်းဌာန Fox News ကြေညာ

Dawei Watch

November 6, 2024

ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာဟဲရစ်ကို အံ့အားသင့်စရာ အနိုင်ယူ၍ အမေရိကန်ပြည်ထောင်စု၏ ၄၇ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပြီဟု Fox News သတင်းဌာနက ကြေညာလိုက်သည်။ ယခုရွေးကောက်ပွဲအနိုင်ရလဒ်ကြောင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ အိမ်ဖြူတော်တွင် လေးနှစ်သက်တမ်းကို ဒုတိယအကြိမ် ထပ်မံထမ်းဆောင်ရတော့မည် ဖြစ်သည်။ အမေရိကန်သမိုင်းတွင် သမ္မတသက်တမ်းနှစ်ကြိမ်ကို ဆက်တိုက်မဟုတ်ဘဲ အနိုင်ရခဲ့သူ နှစ်ဦးသာ ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်က တစ်ဦးဖြစ်သည်။ ယင်းကြောင့် ဒေါ်နယ်ထရမ့်မှာ သမ္မတဂရိုဗာကလီးဗ်လန်းလက်ထက် ၁၈၉၂ ခုနှစ်နောက်ပိုင်း ဆက်တိုက်မဟုတ်သည့် သမ္မတသက်တမ်းနှစ်ကြိမ်ကို တာဝန်ထမ်းဆောင်ခွင့်ရသည့် ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာသည်။ ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ၃ ကြိမ်ယှဉ်ပြိုင်ရာတွင် ၂ ကြိမ်အနိုင်ရခဲ့သူဖြစ်ပြီး […]

ကန်ရွေးကောက်ပွဲ သတင်းအမှားဖြန့်ရန် ရုရှား ငွေယူခဲ့ကြောင်း နာမည်ကြီးဘလော့ဂါ ဝန်ခံ

Dawei Watch

November 5, 2024

အမေရိကန်ရွေးကောက်ပွဲတွင် ဟေတီနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများက မဲပေးနေကြောင်း သတင်းအမှား ဖြန့်ချိရန် ရုရှားအစိုးရ ဝါဒဖြန့်တစ်ဦးထံမှ ဒေါ်လာ ၁၀၀ လက်ခံရရှိခဲ့ကြောင်း ထရမ့်ပ်ကို ထောက်ခံသည့် အမေရိကန်ဘလော့ဂါတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားသည် မက်ဆာချူးဆက်ပြည်နယ်သားတစ်ဦး ဖြစ်ပြီး X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၎င်း၏ နိုင်ငံရေးအမြင်များကို ရေးသားပြောဆိုလေ့ရှိသူ ဖြစ်သည်။ ၎င်း အသုံးပြုသည့် @AlphaFox78 ဆိုသည့် အကောင့်တွင် ဖော်လိုဝါပေါင်း ၆ သိန်းခွဲ ရှိသည်။ ဟေတီနိုင်ငံသား ရွှေ့ပြောင်းအခြေချသူတစ်ဦးက ဂျော်ဂျီယာပြည်နယ်တွင် ကမ်မလာဟဲရစ်အား အနည်းဆုံးနှစ်ကြိမ် မဲပေးမည်ဟု ပြောဆိုနေသည့် ရုပ်သံဖိုင်ကို ၎င်း၏ X လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ထားခဲ့သည်။ ယင်းဗီဒီယိုမှာ သတင်းအမှားဖြန့်ချိရန်အတွက် ရုရှားဘက်မှ လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုဖိုင်တစ်ခု ဖြစ်သည်။ ရုရှားသရုပ်ဆောင်များကို […]

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်

Dawei Watch

November 4, 2024

၄၇ ယောက်မြောက် အမေရိကန်သမ္မတ မည်သူ ဖြစ်လာမည်ဆိုသည်ကို ဆုံးဖြတ်ပေးမည့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို မနက်ဖြန် စတင်တော့မည် ဖြစ်သည်။ ယခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဟောင်းဖြစ်သူ ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟဲရစ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ကမ်မလာဟဲရစ်သာ အနိုင်ရခဲ့လျှင် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာမည် ဖြစ်သည်။ အမေရိကန်မဲဆန္ဒရှင်များသည် သမ္မတကို ရွေးချယ်ရုံသာမကဘဲ အောက်လွှတ်တော်နှင့် ဆီးနိတ်ကို ပေါင်းစပ်ထားသည့် ကွန်ဂရက်အဖွဲ့ဝင်များကိုပါ ပြည်နယ်အလိုက် မဲပေးရွေးချယ်ရမည် ဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရရှိသူသည် ၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လေးနှစ်ကြာသမ္မတသက်တမ်းကို စတင်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ယခုနှစ်တွင် မဲဆန္ဒရှင်တော်တော်များများက ကြိုတင်မဲစနစ် (သို့မဟုတ်) စာတိုက်မဲပေးစနစ်အရ ကြိုတင်မဲပေးခဲ့ကြပြီး ဖြစ်သည်။ သမ္မတလောင်းတဦးသည် တနိုင်ငံလုံးမှ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 2, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိ အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းမယ် ထိုင်ဝမ်ကျွန်းဆွယ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။ စစ်လက်နက်တွေထဲမှာ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်လည်း ပထမဆုံးအနေနဲ့ ပါဝင်သွားမှာပါ။ ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ ဒေါ်လာ သန်း ၁,၁၆၀ တန်ဖိုးရှိ ဒုံးကျည်စနစ်တွေနဲ့ ဒေါ်လာ ၈၂၈ သန်း တန်ဖိုးရှိ ရေဒါစနစ်တွေ ပါဝင်ပါတယ်။ တရုတ်ကလည်း ထိုင်ဝမ်ကို စစ်ရေးအရ ဖိအားတွေ တိုးမြှင့်ပေးလာနေပြီး […]