ICC ဖမ်းဝရမ်းအထုတ်ခံရသည့် ပထမဆုံး ဒီမိုကရေစီနိုင်ငံခေါင်းဆောင်
Dawei Watch
November 22, 2024အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာ့ဗ်ဂါးလန့်နှင့် ဟားမတ်စ်အဖွဲ့စစ်ရေးခေါင်းဆောင် မိုဟာမက်ဒိတ်ဖ်တို့အား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ကြာသပေးနေ့တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။ ဟားမတ်စ်အဖွဲ့၏ စစ်ဘက်ခေါင်းဆောင် မိုဟာမက်ဒိတ်ဖ်အား ၎င်းတို့ သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း ယခုနှစ် ဩဂုတ်လအစောပိုင်းတွင် အစ္စရေးဘက်က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုဖမ်းဝရမ်းအထုတ်ခံရသူများတွင် မိုဟာမက်ဒိတ်ဖ်လည်း ပါဝင်လာသည်။ ယင်းဆုံးဖြတ်ချက်ကြောင့် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် စစ်ရာဇဝတ်မှုဖြင့် ICC မှ ဖမ်းဝရမ်းအထုတ်ခံရသည့် ပထမဆုံးသော ဒီမိုကရေစီနိုင်ငံခေါင်းဆောင်ဖြစ်လာသည်။ ဖမ်းဝရမ်းအထုတ်ခံရသူ သုံးဦးသည် အစ္စရေး-ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု၊ လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း ခိုင်မာသည့် အထောက်အထားများ ရရှိထားသည်ဟု ICC တရားသူကြီးများက ဆိုသည်။ ICC ၏ ယင်းဆုံးဖြတ်ချက်နှင့် နေတန်ညာဟုက “ဂျူးမုန်းတီးဆန့်ကျင်ရေးလုပ်ရပ်”ဟု ရှုတ်ချဝေဖန်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ အရေးပါသည့် သမိုင်းအစဉ်အလာတစ်ခု ဖြစ်သည်ဟု […]