BREAKING
April 21, 2025

နိုင်ငံတကာသတင်း

ဂါဇာရှိ ပါလက်စတိုင်းများအတွက် ယာယီခိုလှုံခွင့် အင်ဒိုနီးရှားကမ်းလှမ်း

Dawei Watch

April 9, 2025

အစ္စရေး – ဟားမတ် စစ်ပွဲဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများအတွက် ယာယီခိုလှုံခွင့် ကမ်းလှမ်းမည်ဖြစ်ကြောင်းအင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ယနေ့ ဧပြီလ ၉ရက်တွင် ပြောသည်။ “ထိခိုက်ဒဏ်ရာရထားသူတွေ၊ စိတ်ဒဏ်ရာရနေသူတွေနဲ့ မိဘမဲ့ကလေးတွေအတွက်သာ သူတို့သာ ဆန္ဒရှိတယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံကို ကယ်ထုတ်သွားဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ သူတို့ကို သယ်ပို့ဖို့ လေယာဉ်တွေ လွှတ်ပေးဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။ အဆိုပါ ပြောင်းရွှေ့ရေး အစီအစဉ်များကို ပါလက်စတိုင်းအာဏာပိုင်များနှင့် ချက်ချင်းဆွေးနွေးရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ပါလက်စတိုင်းပြည်သူဦးရေ ၁၀၀၀ ပါဝင်သည့် ပထမအသုတ်ကို ပထမဆုံး ရွှေ့ပြောင်းပေးရန် အဆင်သင့်ဖြစ်ပြီဟု သမ္မတဆူဘီယန်တိုက ဆိုသည်။ အဆိုပါ ပထမအသုတ်ကို ၎င်းတို့၏ […]

ရုရှားအတွက် ဝင်တိုက်ပေးနေသည့် တရုတ်နိုင်ငံသား နှစ်ဦးကိုဖမ်းမိဟု ယူကရိန်းထုတ်ပြန်

Dawei Watch

April 9, 2025

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk ဒေသတွင် ရုရှားစစ်တပ်အတွက် ဝင်တိုက်ပေးနေသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ယူကရိန်းတပ်ဖွဲ့များက လက်ရဖမ်းဆီးမိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦး၏ စာရွက်စာတမ်း ၊ ဘဏ်ကတ်များနှင့် ကိုယ်ရေးအချက်အလက်များကိုပါ သိမ်းဆည်းရမိထားကြောင်း ၎င်းကဆိုသည်။ “ဘေဂျင်းကို ချက်ချင်းဆက်သွယ်ပြီး တရုတ်အစိုးရက ဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိရအောင် လုပ်ဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော် ညွှန်ကြားထားပြီးပြီ” ဟု ဇလန်းစကီးက ဆိုသည်။ ရုရှားစစ်တပ်အတွင်း တရုတ်စစ်သားများ၏ အရေအတွက်မှာ နှစ်ဦးထက် အများကြီးပိုကြောင်း ၎င်းက ပြောသည်။ “ကျူးကျော်သူတွေ (ရုရှား) တပ်ဖွဲ့တွေထဲမှာ တရုတ်နိုင်ငံသားတွေ နောက်ထပ်အများကြီး ရှိနေသေးတယ်ဆိုတဲ့ သတင်းအချက်အလက် ကျွန်တော်တို့မှာ ရှိတယ်။ ကျွန်တော်တို့ အခု အချက်အလက်တွေအားလုံးကို ဖော်ထုတ်နေပါတယ်” ဟု ဇလန်းစကီးက […]

အမေရိကန်က တရုတ်ကို အခွန် ၁၀၄ ရာခိုင်နှုန်းအထိတိုးမည်ဟုဆို၊ ကုန်သွယ်ရေးစစ်ပွဲစတင်

Dawei Watch

April 9, 2025

အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံ၏ သွင်းကုန်များကို အခွန် ၁၀၄ ရာခိုင်နှုန်းအထိ ကောက်ခံသွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။ ဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမှုသည် လာမည့်နာရီပိုင်းတွင် အသက်ဝင်လာမည်ဖြစ်သလို တရုတ်အပေါ် တိုးမြှင့်ချမှတ်ထားသော အခွန် ၁၀၄ ရာခိုင်နှုန်းကိုလည်း ဒေါ်နယ်ထရမ့်က ပြန်လည်ဖြေလျှော့ပေးခြင်း မရှိသေးပေ။ အမေရိကန်ဘက်က တရုတ်ကုန်ပစ္စည်းများအပေါ် ကောက်ခံသော မူလအခွန်နှုန်း ၂၀ ရာခိုင်နှုန်းတွင် ၃၄ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံမည်ဟု ဧပြီလ ၂ ရက်နေ့က ဇယားနှင့်အတူ ထုတ်ပြန်ခဲ့သည်။ တရုတ်အပေါ် ၃၄ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂကို ၂၀ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၄၆ ရာခိုင်နှုန်း၊ တောင်ကိုးရီးယားကို ၂၆ ရာခိုင်နှုန်း အပါအဝင် အမေရိကန်၏ အကြီးဆုံး ကုန်သွယ်ဘက်တချို့အပေါ် အခွန်တိုးမြှင့်ချထားသော ဇယားဖြင့် သမ္မတ […]

ထိုင်းသည် ကမ္ဘာပေါ်တွင် အိမ်ထောင်ရေး ဖောက်ပြန်မှု အများဆုံး နိုင်ငံဖြစ်

Dawei Watch

April 8, 2025

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အိမ်ထောင်ရေး ဖောက်ပြန်မှုအများဆုံး၊ သစ္စာမရှိဆုံး နိုင်ငံစာရင်းတွင် ထိပ်ဆုံးက ရပ်တည်နေကြောင်း Insider Monkey အစီအရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာနိုင်ငံများထဲတွင် ထိုင်းနိုင်ငံသည် အိမ်ထောင်ဖက်အချင်းချင်း လိမ်လည်မှုနှုန်း ၅၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးစာရင်းဝင်နိုင်ငံဖြစ်နေကြောင်း ဖော်ပြသည်။ အထူးသဖြင့် အိမ်ထောင်ရေးတွင် အငယ်အနှောင်းများ ပြိုင်တူထားလေ့ရှိကြပြီး လိင်မှုကိစ္စများတွင် အပျော်အပါးမက်သူများဖြစ်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြသည်။ Insider Monkey အစီအရင်ခံစာသည် လူပေါင်း ၂၃၈၀၀ ကျော်၏ အချက်အလက်ပေါင်း ၁ ဒသမ ၉ သန်းကျော်ကို အခြေခံ၍ တွက်ချက်ကာ ထုတ်ပြန်ထားသော အစီအရင်ခံစာဖြစ်သည်။ အစီအရင်ခံစာတွင် လွန်ခဲ့သော ၁၉၆၀ ခုနှစ်တည်းက လူအများ မည်သို့လိမ်လည်လှည့်ဖြားခဲ့သည်ကို စူးစမ်းဖော်ထုတ်ထားသည်။ အစီအရင်ခံစာအရ ထိုင်းနိုင်ငံသည် အိမ်ထောင်ဖက်အချင်းချင်း လိမ်လည်မှု ၅၁ […]

နီပေါနိုင်ငံတစ်လွှား ပညာရေးသပိတ်မှောက်မှု စတင်

Dawei Watch

April 7, 2025

ပညာရေးဥပဒေသစ်တစ်ရပ် ပြဌာန်းပေးရန် သပိတ်မှောက်တောင်းဆိုသည့်အနေဖြင့် နီပေါနိုင်ငံအနှံရှိ အခြေခံပညာစာသင်ကျောင်းများ ယနေ့ (တနင်္လာနေ့)မှ စတင်၍ ပိတ်ထားလိုက်ပြီး မြို့တော်ခတ္တမန္ဒူတွင် လမ်းပေါ်အသံတိတ်ချီတက် ဆန္ဒပြပွဲများ ဖြစ်ပွားနေသည်။ အလုပ်အကိုင်တည်ငြိမ်ရေး ၊ ရာထူးတိုးမူဝါဒ ၊ အခြေခံပညာ ဆရာ/မများအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းနှင့် အဆောက်အအုံများ ဖန်တီးပေးရေး ၊ အခြေခံပညာရေးဝန်ထမ်းများအတွက် အလုပ်အာမခံရှိစေရေးတို့နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးမည့် ဥပဒေတစ်ရပ်ကို အတည်ပြုပြဌာန်းပေးရန် နီပေါနိုင်ငံ ဆရာများအဖွဲ့ချုပ်က ဦးဆောင်လျက် တောင်းဆိုတိုက်ပွဲဝင်လျက်ရှိသည်။ ကျောင်းပညာရေး အက်ဥပဒေပြဌာန်းပေးရေး ဆန္ဒပြပွဲများမှာ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ ဆရာ/ဆရာမများက လမ်းပေါ် အိပ်ကာ ဆန္ဒပြပွဲများ ၊ဝီစီမှုတ် ချီတက်ဆန္ဒပြပွဲများလည်း ယခင်ကဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ ဧပြီလ ၇ ရက်နေ့မှ […]

ထိုင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ငါးဦးထွက်ပြေး၊ တစ်ဦးလွတ်မြောက် လေးဦးပြန်အဖမ်းခံရ

Dawei Watch

April 7, 2025

ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခံရပြီးနောက် အဓမ္မစစ်သားစုဆောင်းခံရသူ ငါးဦးထွက်ပြေးကြရာ တစ်ဦးလွတ်မြောက်ပြီး လေးဦးပြန်လည်ဖမ်းဆီးခံရကြောင်း လွတ်မြောက်လာသူကို လက်ခံခိုလှုံခွင့်ပြုထားသည့် ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။ စစ်မှုထမ်းသင်တန်း ပို့ဆောင်ရန် ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) စစ်ကောင်စီခြေမြန်တပ်ရင်းတွင် စုဆောင်း ခံရသည့် အမျိုးသားငါးဦး မတ်လ နောက်ဆုံးအပတ်တွင် ထွက်ပြေးခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ “ထွက်ပြေးလာပြီး ကော့သောင်းမြို့ ၉ မိုင်မှာ ယောင်လည်လည်ဖြစ်နေတုန်း လေးယောက်က ပြန်အဖမ်းခံလိုက်ရတယ်။ တစ်ယောက်ကတော့ ကျွန်တော်တို့ဆီကို (ဧပြီလ) ၁ ရက်နေ့မှာ ဆက်သွယ်ပြီး ရောက်လာတယ်” ဟု ကော့သောင်း ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထွက်ပြေးလွတ်မြောက်လာသူသည် အသက် ၂၀ အရွယ် ကော့သောင်းဒေသခံ ကိုမင်းမင်းဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံတွင် […]

တောင်ဆူဒန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူအားလုံးကို အမေရိကန်ဗီဇာ ပယ်ဖျက်

Dawei Watch

April 7, 2025

တောင်ဆူဒန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအားလုံး၏ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာများကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက စနေနေ့တွင် ပြောဆိုလိုက်သည်။ တောင်ဆူဒန်အစိုးရသည် အမေရိကန်မှ ပြန်ပို့လိုက်သည့် တောင်ဆူဒန်နိုင်ငံသားများကို လက်မခံဘဲ အမေရိကန်နိုင်ငံအပေါ် အမြတ်ထုတ်လျက်ရှိသည်ဟုလည်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။ ယင်းကြောင့် တောင်ဆူဒန်မှာ သမ္မတဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အာဏာပြန်ရလာပြီးနောက် အမေရိကန် ဗီဇာပိတ်ပင်လိုက်သည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲအကြိုကာလတွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ကြွေးကြော်သံများဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။ “နိုင်ငံတိုင်းဟာ သူ့နိုင်ငံသားတွေကို ပြန်ပို့လိုက်တာကို အချိန်မီ လက်ခံရမယ်။ အမေရိကန်အပါအဝင် အခြားနိုင်ငံတစ်ခုခုက သူတို့ကို နှင်ထုတ်တဲ့အချိန်မျိုးမှာပေါ့” ဟု မာကိုရူဘီယိုက စနေနေ့က ပြောကြားခဲ့သည်။ “တောင်ဆူဒန်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလအစိုးရဟာ ဒီမူအပေါ် အပြည့်အဝလေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ တောင်ဆူဒန်နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူများကို အမေရိကန်ဗီဇာထုတ်ပေးခြင်းကိုလည်း […]

အရေးပေါ်ဆေးရုံဖွင့်ရန် အမေရိကန်နှင့် ကနေဒါ ဆေးပညာရှင်များ မြန်မာနိုင်ငံရောက်ရှိ

Dawei Watch

April 7, 2025

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံက ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များပါသော ဆေးပညာအဖွဲ့များ အရေးပေါ်ဆေးရုံဖွင့်၍ မြန်မာငလျင်ဘေးသင့် ပြည်သူများကို ကူညီရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ ဧပြီလ ၅ ရက် စနေနေ့က ဆေးအဖွဲ့များပါဝင်သော ခရစ်ယာန် Samaritan’s Purse အဖွဲ့၏လေယာဉ်သည် မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာပြီဖြစ်ပြီး အရေးပေါ်ကွင်းဆင်းဆေးရုံကို ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။ ဆေးအဖွဲ့နှင့် အရေးပေါ်ဆေးရုံသည် ခရစ်ယာန် Samaritan’s Purse အဖွဲ့ကဖြစ်ပြီး နေပြည်တော်အားကစားရုံ အပြင်ဘက်တွင် ရွက်ဖျင်တဲများဖြင့် ငလျင်ကြောင့် ဒဏ်ရာရပြည်သူများကို အမြန်ဆုံးကုသမှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ဆေးအဖွဲ့ရောက်ရှိလာသောအချိန်တွင် နေပြည်တော်အားကစားရုံထဲတွင် ဒဏ်ရာရလူနာ ၁၀၀ နီးပါး ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသည်ကို တွေ့ရကြောင်း ပုံနှင့်အတူ ထုတ်ပြန်သည်။ အရေးပေါ်ကုသရေးဆေးရုံထဲတွင် ခွဲစိတ်ခန်းနှစ်ခန်းနှင့်အတူ အရေးပေါ်ဆောင်၊ လူနာဆောင်၊ […]