BREAKING
April 20, 2025

နိုင်ငံတကာသတင်း

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 18, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

အယုံအကြည်မရှိအ‌ဆို မဲခွဲဆုံးဖြတ်ရာ ဂျာမန်အဓိပတိ ရှုံးနိမ့်

Dawei Watch

December 17, 2024

ဂျာမန်အဓိပတိအိုလားဖ်ရွှတ်ဇ်သည် တနင်္လာနေ့က ပါလီမန်၌ ၎င်းအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သွားခဲ့သည်။ ယင်းမဲခွဲမှုရလဒ်ကြောင့် သမ္မတဖရန့်ဗော်လ်တာစတိုင်းမယာက ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို မူလစီစဉ်ထားသည်ထက် ၇ လပိုစောစွာ ပြုလုပ်သွားတော့မည် ဖြစ်သည်။ နိုဝင်ဘာလဆန်းတွင် အဓိပတိအိုလားဖ်ရွှတ်ဇ်၏ သုံးပါတီညွန့်ပေါင်းအစိုးရ ပြိုကွဲသွားကာ နိုင်ငံရေးအကျပ်အတည်းနှင့် ဆက်တိုက်ကြုံလာရပြီးနောက် တနင်္လာနေ့က မဲခွဲဆုံးဖြတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရပြီး အင်အားကောင်းသည့် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် အိုလားဖ်ရွှတ်ဘက်က မျှော်လင့်နေသည်။ Ref: Al Jazeera

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 17, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

တောင်ကိုရီးယားသမ္မတကို ဖြုတ်ချရန် လွှတ်တော်တွင်မဲခွဲမှု အောင်မြင်

Dawei Watch

December 14, 2024

တောင်ကိုရီးယားပါလီမန်၌ သမ္မတယွန်းဆွတ်ယိုလ်းကို ရာထူးမှဖြုတ်ချရန် စွပ်စွဲပြစ်တင်မှုကို ယနေ့ ညနေပိုင်းက မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၀၄ မဲ ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ယင်းကြောင့်ဝန်ကြီးချုပ်ဟန်ဒွတ်ဆူးက ယာယီသမ္မတအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး သမ္မတယွန်းကို ရာထူးမှဖြုတ်ချသွားမည်လားဆိုသည်ကို အခြေခံဥပဒေခုံရုံးက ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်သွားမည် ဖြစ်သည်။ မဲခွဲဆုံးဖြတ်နေစဉ် အတောအတွင်း အနည်းဆုံးလူနှစ်သိန်းခန့်က ပါလီမန်အပြင်ဘက်၌ စုဝေးခဲ့ကြပြီး သမ္မတယွန်းအား စွပ်စွဲအပြစ်တင်မှုအဆိုအောင်မြင်ရေး ဆန္ဒပြခဲ့ကြသည်။​ Ref: Watoday

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

December 13, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြင်သစ်နဲ့ယူကရိန်းသမ္မတတို့ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံ ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီး၊ ပြင်သစ်သမ္မတ မက်ခရွန်တို့ ဒီဇင်ဘာလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။ မီးဒဏ်သင့်ပြီး ၅ နှစ်လောက် ပိတ်ထားခဲ့ရတဲ့ ပါရီမြို့တော်က အထင်ကရ Notre-Dame ဘုရားရှိခိုးကျောင်းကြီး ဖွင့်ပွဲအခမ်းအနားကို ရောက်ရှိလာကြတာပါ။ ဖွင့်ပွဲ အခမ်းအနားမတိုင်ခင်မှာ ခေါင်းဆောင် ၃ ဦး တွေ့ဆုံကြတာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်အတွက် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်ဖြစ်ပါတယ်။  ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်တဲ့ […]

ကေပေါ့ပ်သီချင်းတွေနဲ့ လူထုကိုပိုမိုဆွဲဆောင်နိုင်ခဲ့တဲ့ တောင်ကိုးရီးယားဆန္ဒပြပွဲ

Dawei Watch

December 13, 2024

တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်သွားတဲ့ သမ္မတနုတ်ထွက်ရေး လူထုဆန္ဒပြပွဲတွေမှာ အရင်ကနဲ့ မတူဘဲ ကေပေါ့ပ်သီချင်းသံတွေနဲ့ လူထုကိုပိုမိုဆွဲဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ သမ္မတကို ဖြုတ်ချနိုင်ဖို့ အော်ဟစ်တောင်းဆိုတဲ့ ဆန္ဒပြသူတွေက လူကြိုက်များနေတဲ့ သီချင်းတွေနဲ့အတူ ရောင်စုံမီးစတစ်တွေကိုပါ ဝှေ့ယမ်းခဲ့တာပါ။ ယခင်ဆန္ဒပြပွဲပုံစံတွေက အကြမ်းဖက်နည်းဆန်ပြီး ကြောက်ဖို့ကောင်းနေတာကို ရောင်စုံမီးတွေနဲ့ သီချင်းတွေက လူတွေရဲ့ ကြောက်စိတ်တွေကို လျှော့ချပေးတာကို တွေ့ရတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ ဆန္ဒပြပွဲတွေကို လူစိတ်ဝင်စားလာအောင် ပွဲလမ်းပုံစံ ပြုလုပ်တဲ့အတွက် လူတွေ ပိုပြီး ပါဝင်လာနိုင်စေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ တောင်ကိုးရီးယားသမ္မတရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်နောက်မှာတော့ သူ့ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ သမ္မတကို သရော်ထားတဲ့ အလံတွေ၊ ကေပေါ့ပ်သီချင်းတွေနဲ့အတူ ပြည်သူတွေက ရေခဲမှတ်အောက်ရောက်အောင် ချမ်းအေးတဲ့ ရာသီဥတုကို […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 12, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 11, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။