ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုအတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု အီရန်ကြေညာ
Dawei Watch
April 3, 2024ဆီးရီးယားနိုင်ငံမြို့တော် ဓမ္မစကမြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးကို လေကြောင်းက တိုက်ခိုက်ခဲ့မှုအတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂ ရက်နေ့က အီရန်ဘက်က ကြေညာခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွက် အီရန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုသဖြင့် ဧပြီလ ၂ ရက်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရသည်။ ယင်းဖြစ်စဉ်ကြောင့် အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်နေချိန် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုတစ်ခု ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဧပြီလ ၁ ရက်နေ့ ညက အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးဘက်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်အဖွဲ့ (IRGC) ၏ အကြီးတန်း တပ်မှူး Mohammed Reza Zahedi နှင့် ၎င်း၏ လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်တစ်ဦးအပါအဝင် အရာရှိ ၇ ဦးအထိ သေဆုံးခဲ့သည်။ ယင်းအပြင် ဆီးရီးယားနိုင်ငံသား ၆ ဦးလည်း […]