ကမ္ဘာတစ်ဝန်း နည်းပညာချို့ယွင်းမှုကြောင့် လေယာဉ်၊ ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲဖြစ်
Dawei Watch
July 19, 2024ကမ္ဘာတစ်ဝန်းတွင် ယနေ့ ဆက်သွယ်ရေးအိုင်တီနည်းပညာ ချို့ယွင်းကာ ပြဿနာပေါ်ပေါက်နေသဖြင့် လေကြောင်းခရီးစဉ်များ၊ ဘဏ်လုပ်ငန်းများနှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲကြုံနေကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာလုပ်ငန်း ပြဿနာပေါ်ပေါက်လာခြင်းကြောင့် အမေရိကန်၊ စင်ကာပူ၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အိန္ဒိယနှင့် ဩစတေးလျနိုင်ငံများရှိ လေကြောင်းလိုင်းများနှင့် ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းများ အခက်အခဲကြုံနေကြခြင်းဖြစ်သည်။ Microsoft နှင့် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike တို့တွင် နည်းပညာချို့ယွင်းကာ ပြဿနာဖြစ်နေခြင်းဖြစ်ပြီး နည်းပညာချို့ယွင်းသည့် အကြောင်းအရင်းကို ရှာဖွေဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ဆိုထားသည်။ နည်းပညာပြဿနာပေါ်ပေါက်လာခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုရှိ လေယာဉ်အများစု မြေပြင်ဆင်းသက်ထားကြောင်း ထုတ်ပြန်ထားသည်။ စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း Check in ဝင်ရောက်သည့်နည်းစနစ် ပြတ်တောက်နေသဖြင့် လူအစားထိုးပြုလုပ်နေရပြီး အချိန် ကြန့်ကြာမှုရှိနေကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် လေဆိပ်တွင် စောင့်ဆိုင်းနေသော ခရီးသည်လူတန်းရှည်ဖြစ်လာနေပြီး […]