Tik Tok ဆော့သည့် အမေရိကန်ဖွား ပါကစ္စတန်မိန်းကလေးကို ဖခင်ဖြစ်သူ ပစ်သတ်
Dawei Watch
February 4, 2025ပါကစ္စတန်နိုင်ငံ၊ Quetta မြို့တွင် Tik Tok သုံးစွဲသည့် ဆယ်ကျော်သက် သမီးဖြစ်သူအား ဖခင်ဖြစ်သူက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ၁၅နှစ်အရွယ် သမီးဖြစ်သူ Tik Tok ပေါ် တင်ထားသည့် ဗီဒီယိုများကို မနှစ်မြို့သည့်အတွက် ဖခင်ဖြစ်သူ Anwar ul-Haq က ပြီးခဲ့သည့်သီတင်းပတ် အင်္ဂါနေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ သမီးဖြစ်သူ၏ ဝတ်စားဆင်ယင်မှု၊ ဘဝနေထိုင်မှုဟန်ပန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးပုံစံတို့ကို သူမ၏ မိသားစုက မနှစ်မြို့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ကနဦးတွင် သမီးဖြစ်သူအား ပစ်သတ်ခဲ့သူမှာ မည်သူမည်ဝါမှန်း မသိရကြောင်း ဖခင်ဖြစ်သူက လိမ်လည်ထွက်ဆိုခဲ့သေးသည်။ ၎င်းမိသားစုသည် အမေရိကန်နိုင်ငံတွင် ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီးမှ ပါကစ္စတန်နိုင်ငံသို့ ပြောင်းရွှေ့လာသူများ ဖြစ်သည်။ အသတ်ခံရသည့် မိန်းကလေးမှာ […]