ထရမ့်ရုပ်ပုံဖြင့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ ထုတ်ဝေရန် လွှတ်တော်တင်
Dawei Watch
March 4, 2025အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရုပ်ပုံကို ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ထုတ်ဝေမည့် ဥပဒေကြမ်းတစ်ခုကို အမေရိကန်အောက်လွှတ်တော် ရီပတ်ဘလင်ကန်အမတ် Brandon Gill က တနင်္လာနေ့တွင် အဆိုပြုလိုက်သည်။ အဆိုပါ ဥပဒေကြမ်းကို “၂၀၂၅ ရွှေခေတ်ဥပဒေ”ဟု အဓိပ္ပါယ်ရသည့် “the Golden Age Act of 2025” ဟု အမည်ပေးထားသည်။ ယင်းဥပဒေကြမ်းကို အောက်လွှတ်တော်အမတ် Troy Nehis ကလည်း ထောက်ခံထားသည်။ “အမေရိကန်ပြည်ထောင်စုကို ရွှေခေတ်ရောက်လာအောင် သမ္မတထရမ့်ထက် ပိုလုပ်ပေးခဲ့တဲ့သူ မရှိဖူးဘူး” ဟု ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့သည့် ရီပတ်ဘလင်ကန်အမတ် Brandon Gill က ဆိုသည်။ “ဒေါ်လာ ၁၀၀ တန်ငွေစက္ကူပေါ်မှာ သူ့ပုံကို ဖော်ပြပေးတာက လာမယ့်လေးနှစ်အတွင်း သူ အောင်အောင်မြင်မြင် […]