BREAKING
January 23, 2025

နိုင်ငံတကာသတင်း

ထိုင်းတွင် လေယာဉ်ငယ်ပျက်ကျမှုကြောင့် လူကိုးဦးသေဆုံး

Dawei Watch

August 23, 2024

ထိုင်းနိုင်ငံအလယ်ပိုင်း ချာချင်ဆောင်ခရိုင်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျသဖြင့် လေယာဉ်ပေါ်ပါလာသူ ခုနစ်ဦးနှင့် လေယာဉ်မှူးနှင် တွဲဖက်လေယာဉ်မှူးတို့ သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ပကုံးဒေသရှိ ခေါင်းဒင်ဘုန်းကြီးကျောင်းအနောက်တွင် ဩဂုတ် ၂၂ ရက် ညနေ ၃ နာရီကျော်က ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ငယ်သည် Thai Flying Service ၏ လေယာဉ်ဖြစ်ပြီး သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် စတင်ပျံသန်းခဲ့ကာ တရတ်ခရိုင် ကိုမိုင်ချိလေဆိပ်သို့ သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ပျံတက်ပြီး ၁၀မိနစ်ကျော်အကြာ ညနေ ၃ နာရီခန့်တွင် သုဝဏ္ဏဘူမိ ထိန်းချုပ်ရေးမျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီးနောက် ညနေ ၃ နာရီ ၁၈ မိနစ်တွင် ချာချင်ဆောင်ခရိုင်တွင် […]

ထိုင်းတွင် မျောက်ကျောက်ရောဂါ မျိုးစိတ်သစ်ဟု သံသယရှိသူ စတွေ့

Dawei Watch

August 21, 2024

ထိုင်းနိုင်ငံတွင် မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ကို ပထမဆုံး ကူးစက်ခံထားသည်ဟု သံသယရှိသူတစ်ဦး စတွေ့ခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာန (DDC) က ယနေ့ (ဩဂုတ် ၂၁) တွင် ကြေညာလိုက်သည်။ သံသယရှိသောလူနာသည် အာဖရိကနိုင်ငံတစ်ခုမှ ထိုင်းသို့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြန်လည်ရောက်လာသူဖြစ်ပြီး နောက်တစ်နေ့ နံနက်ပိုင်းမှစ၍ အဖျားတက်ကာ အဖုအပိမ့်များ ထွက်လာခဲ့ကြောင်းဆိုသည်။ ထို့နောက် ဆေးရုံသွား၍ စစ်ဆေးခဲ့ရာမှ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း DDC ကဆိုသည်။ ကနဦးစစ်ဆေးမှုအရ ယခင်က ကူးစက်ခံထားရသူများ၏ Clade 2 အမျိုးအစား မဟုတ်ကြောင်း DDC ကဆိုသည်။ Clade 2 အမျိုးအစားသည် ကူးစက်မှု မမြန်ဆန်သော မျောက်ကျောက်ရောဂါတစ်မျိုး ဖြစ်သည်။ […]

ပါတီဖျက်သိမ်းခံရမည့် အပေါ် ရွေးကောက်ပွဲ အောင်ပန်းရှင် ပီထာ့အမြင်

Dawei Watch

August 17, 2024

၂၀၂၃ မေလ အထွေထွေရွေးကောက်ပွဲမှာ Move Forward ပါတီ အနိုင်ရအောင် ကျွန်တော် ဦးဆောင်နိုင်ခဲ့တဲ့အချိန်မှာ တိုင်းပြည်ဟာ အလွန်တရာ ရွှင်လန်း ဝမ်းမြောက်ခဲ့တယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒသဘောထား အောင်ပန်းဆွတ်နိုင်မှုနဲ့အတူ ထိုင်းဘုရင့်နိုင်ငံဟာ တိုးတက်တဲ့ ရီးနေဆန်းခေတ်ရဲ့ အပြောင်းအလဲစပ်ကူးမပ်ကူးကာလကို ရောက်နေပြီလို့ ထိုင်းပြည်သူအတော်များများက ယုံကြည်ခဲ့ကြတယ်။ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကလည်း ဒီလိုပဲ ယုံကြည်ခဲ့ကြတယ်။ ရွေးကောက်ပွဲအလွန် အတိုက်အခံပါတီတွေအကြား သဘောတူညီမှုဟာ ကျွန်တော့်ကို ပါလီမန်မဲခွဲမှုကနေတဆင့် ဝန်ကြီးချုပ်ဖြစ်လာအောင် လမ်းခင်းပေးတော့မလိုပါပဲ။ ကနဦးဝမ်းသာပီတိဟာ ဆန္ဒစောတာသက်သက် ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ဘက်က ညွန့်ပေါင်းအစိုးရဖွဲ့လို့ မရအောင် တားဆီးဖို့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ကွန်ဆာဗေးတစ်အင်အားစုတွေဘက်က လျှင်လျှင်မြန်မြန် စုစည်းခဲ့ကြတယ်။ ဝန်ကြီးချုပ်ရွေးချယ်ရေးနဲ့ ပတ်သက်လို့ မဲပေးရွေးချယ်ရာမှာ ရွေးကောက်ခံမဟုတ်တဲ့ ဆီးနိတ်ဟာ သူ့မှာရှိတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အာဏာကို သုံးစွဲခဲ့တယ်။ အောက်လွှတ်တော်က အရွေးကောက်ခံအမတ်အများစုရဲ့ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 16, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းဝန်ကြီးချုပ်အသစ် သက်ဆင်သမီးဖြစ်လာ ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အသစ်အနေနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ Paetongtarn Shinawatra ကို လွှတ်တော်က မဲပေးရွေးချယ်လိုက်ပါတယ်။ Pheu Thai ပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra က ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ ညွန့်ပေါင်းအစိုးရအဖွဲ့ခေါင်းဆောင်ပါတီဖြစ်တဲ့ Pheu Thai ပါတီဘက်က ပါတီခေါင်းဆောင် Paetongtarn Shinawatra ကို ဝန်ကြီးချုပ်လောင်းအနေ့နဲ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ အခြားပါတီတွေက ဝန်ကြီးချုပ်လောင်း အပြိုင်အဆိုပြုတင်သွင်းခဲ့တာမျိုး […]

သက်ဆင်၏သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

Dawei Watch

August 16, 2024

ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ Paetongtarn Shinawatra ကို လွှတ်တော်က မဲပေးရွေးချယ်လိုက်သည်။ Pheu Thai ပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra သည် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့ခေါင်းဆောင်ပါတီဖြစ်သော Pheu Thai ပါတီဘက်က ပါတီခေါင်းဆောင် Paetongtarn Shinawatra အား ဝန်ကြီးချုပ်လောင်းအဖြစ် ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် အမည်စာရင်းတင်သွင်းခဲ့ပြီး အခြားပါတီများက ဝန်ကြီးချုပ်လောင်း အပြိုင်အဆိုပြုတင်သွင်းခြင်း မရှိခဲ့ပေ။ ၎င်းကို လွှတ်တော်ထဲတွင် အမတ်နေရာ ၄၉၀ ရှိသည့်အနက် ထောက်ခံမဲ သုံးရာကျော်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Paetongtarn Shinawatra က ဝန်ကြီးချုပ်အသစ်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံ၏ […]

ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် သက်ဆင်သမီးကို အမည်တင်သွင်းဖွယ်ရှိ

Dawei Watch

August 15, 2024

ထိုင်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကို မနက်ဖြန် သောကြာနေ့ နံနက် ၁၀ နာရီတွင် လွှတ်တော်၌ မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့ ခေါင်းဆောင်ပါတီဖြစ်သော Pheu Thai ပါတီဘက်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ Paetongtarn Shinawatra ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ကြေညာလိုက်သည်။ ယမန်နေ့ညက တရားရေးဝန်ကြီးဟောင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဟောင်းဖြစ်သော အသက် ၇၅ နှစ်အရွယ် Chaikasem Nitisiri ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းရန် သဘောတူနေခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် သက်ဆင်သမီးကို တင်သွင်းရန် ရည်ရွယ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် မနက်ဖြန်တင်သွင်းမည့် ညွန့်ပေါင်းအဖွဲ့က တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းမှာ မည်သူဖြစ်မည်ဆိုသည်ကို ပါတီဦးဆောင်သူများနှင့် […]

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို ရာထူးက ရပ်နား

Dawei Watch

August 14, 2024

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို လက်ရှိရာထူးက ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။ ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်တာဝန် ရယူခဲ့သော စေထာ ထဝီဆင်သည် ၁၁ လသာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်​ခဲ့ရသည်။ လက်ရှိဝန်ကြီးချုပ်နေရာက ရပ်နားခံလိုက်ရပြီးနောက် ၎င်း၏ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ်အသစ်အပါအဝင် အစိုးရအသစ်အဖွဲ့ဝင်များ နောက်ထပ် သစ္စာမဆိုခင်ကာလတွင် ယာယီအစိုးရအဖွဲ့က အစားထိုးတာဝန်ယူထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝန်ကြီးချုပ်အသစ်နေရာအတွက် Pheu Thai ပါတီခေါင်းဆောင် သက်ဆင်သမီး Paetongtarn Shinawatra နှင့် Chaikasem Nitisiri နှင့် ဆေးခြောက်ပါတီဟု နာမည်ကြီးသော […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်အောင်ပွဲက ဒုတိယအကြိမ် လွတ်လပ်ရေးရခဲ့တာလို့ဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကြောင့် ဒုတိယအကြိမ် လွတ်လပ်ရေးရရှိခဲ့ပြီလို့ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ နိုင်ငံကို ပြန်ရောက်လာတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမတ်စ် ယွန်နတ်စ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံကို ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားအောင် သူ့အစိုးရအနေနဲ့ ကြိုးပမ်းသွားမယ်လို့ ဩဂုတ်လ ၈ ရက်နေ့ ကျန်းသစ္စာဆိုပွဲမှာ ပြောကြားလိုက်တာပါ။ ဒီလိုဖြစ်အောင် ကြိုးပမ်းခဲ့ကြတဲ့ လူငယ်တွေကို ကျေးဇူးတင်တယ်လို့ သူက ဆိုပါတယ်။ လူငယ်၊ ကျောင်းသားတွေဟာ နိုင်ငံကိုကာကွယ်ပြီး တိုးတက်တဲ့နိုင်ငံသစ်ဆီ အရှိန်နဲ့သွားနိုင်ဖို့ နိုင်ငံကို အသစ်တဖန်မွေးဖွားပေးခဲ့တယ်လို့ ပြောကြားခဲ့တာပါ။ ကျောင်းသားတွေ အချိန်အပတ်များစွာ ဆန္ဒပြခဲ့ကြတဲ့နောက် […]