BREAKING
April 19, 2025

နိုင်ငံတကာသတင်း

ကမ္ဘာ့အရှည်ဆုံးရေအောက်ကေဘယ်လိုင်းကို Meta တည်ဆောက်မည်

Dawei Watch

February 18, 2025

အမေရိကန်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် အခြားဒေသများကို ချိတ်ဆက်သွားမည့် ကမ္ဘာ့အရှည်ဆုံး ရေအောက်ကေဘယ်လိုင်းကို တည်ဆောက်ရန် Meta ကုမ္ပဏီက စီစဉ်နေသည်။ Instagram ၊ Facebook ၊ WhatsApp တို့ကို ပိုင်ဆိုင်သည့် မာ့ခ်ဇူကာဘတ် ဦးဆောင်သော Meta ကုမ္ပဏီက ကီလိုမီတာ ၅၀,၀၀၀ (၃၁,၀၀၀ မိုင်) ရှည်လျားသည့် အဆိုပါ ပင်လယ်ရေအောက် ကေဘယ်လိုင်းကို တည်ဆောက်သွားမည် ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့မျက်နှာပြင်ကို တစ်ပတ်ပြည့်အောင် ပတ်သည့်အကွာအဝေးထက် ပိုမိုရှည်လျားမည်ဖြစ်သည်။ “ Project Waterworth” ဟု အမည်ပေးထားသည့် ယင်းစီမံကိန်းမှာ ဉာဏ်ရည်တု(AI) နှင့် အခြားနည်းပညာသစ်များကို ကမ္ဘာတစ်ဝှမ်း လက်လှမ်းမီစေနိုင်ရန် ရည်ရွယ်သည်ဟု Meta ကုမ္ပဏီက ဆိုသည်။ ပင်လယ်ရေအောက်ကေဘယ်လိုင်းများသည် “အင်တာနက်၏ […]

ကမ္ဘာ့ဒီမိုကရေစီ အန္တရာယ်ရှိနေပြီ ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း သတိပေး

Dawei Watch

February 18, 2025

သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန် တစ်သီးတစ်ခြားရပ်တည်ရေး မူဝါဒနှင့် ကမ္ဘာ့ဇာတ်ခုံပေါ် အမေရိကန်နေရာကို တရုတ်က အစားထိုးနေရာဝင်ယူလာနိုင်မှုကြောင့် ကမ္ဘာ့ဒီမိုကရေစီမှာ အန္တရာယ်ကျရောက်နေကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာက သတိပေးလိုက်သည်။ ခေတ်ပြိုင်နိုင်ငံရေးအခြေအနေတွေအပေါ် တိုက်ရိုက်ဝေဖန်သုံးသပ်ပြောဆိုမှု နည်းပါးသည့် ဂျွန်မေဂျာက BBC Radio 4 နှင့် အင်တာဗျူးတစ်ခုတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ဒီမိုကရေစီက ခြိမ်းခြောက်ခံနေရပြီဆိုတာ ကျွန်တော့် စိတ်ထဲမှာ သံသယမရှိဘူး။ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ဒီမိုကရေစီက မသိမသာ ယိုယွင်းကျဆင်းလာနေခဲ့တယ်။ အမြင်ကျဉ်းတဲ့ လက်ယာယိမ်းတွေဆီကနေ အကျည်းတန်တဲ့ အမျိုးသားရေးဝါဒက ကြီးထွားလာနေတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ ကမ္ဘာ့ခေါင်းဆောင်မှုနေရာကို ပိုမိုအာဏာရှင်ဆန်သည့်နိုင်ငံတစ်ခုကို လက်လွှဲပေးလိုက်ရလျှင် ဝါရှင်တန်အနေဖြင့် နောင်တရကောင်းရနေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။ အမေရိကန်အနေဖြင့် ၎င်း၏ နိုင်ငံတကာဆိုင်ရာ တာဝန်များကို […]

ထိုင်ဝမ်ရေလက်ကြားထဲ ကနေဒါစစ်သင်္ဘောဖြတ်သန်းမှု တရုတ်ဝေဖန်

Dawei Watch

February 17, 2025

ထိုင်ဝမ်ရေလက်ကြားအတွင်း ကနေဒါစစ်သင်္ဘောတစ်စင်း ဖြတ်သန်းဝင်ရောက်ခဲ့မှုမှာ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ ပြောဆိုလိုက်သည်။ ကနေဒါစစ်သင်္ဘောမှာ ယခုနှစ်တွင်း ထိုင်ဝမ်ရေလက်ကြားသို့ ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၁၆ရက်က ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းဝင်ရောက်ပြီးနောက် ရက်ပိုင်းအကြာတွင် ကနေဒါစစ်သင်္ဘောဝင်ရောက်ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ ကနေဒါ၏ ယင်းလုပ်ရပ်မှာ ထိုင်ဝမ်ရေလက်ကြားတွင် တမင်တကာ ပြဿနာရှာခြင်းဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေကြောင်း တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။ တရုတ်စစ်တပ်အနေဖြင့် ခြိမ်းခြောက်မှုနှင့် ရန်စမှုအားလုံးကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ကနေဒါစစ်သင်္ဘောဖြတ်သန်းပြီးနောက် ၂၄ နာရီအတွင်းတွင် တရုတ်လေယာဉ် ၄၁ စင်းနှင့် စစ်သင်္ဘော ၉ စင်းကို ထိုင်ဝမ်ကျွန်းအနီးတဝိုက်တွင် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက […]

တာလီဘန်ကိုယ်စားလှယ်အဖွဲ့ ဂျပန်သို့ ပထမဆုံးအကြိမ် သွားရောက်

Dawei Watch

February 17, 2025

အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းယူထိန်းချုပ်ထားသည့် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ သည် ဂျပန်နိုင်ငံသို့ သံတမန်ရေး ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် ရောက်ရှိလာကြောင်း ဂျပန်သတင်းဌာနများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၆ ရက်က လာရောက်ခြင်းဖြစ်ပြီး ရက်သတ္တပတ်တစ်ပတ် ကြာမြင့်မည်ဖြစ်သည်။ ယင်းကိုယ်စားလှယ်အဖွဲ့တွင် တာလီဘန်၏ နိုင်ငံခြားရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကြောင်း ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက ဖော်ပြသည်။ တာလီဘန်ကိုယ်စားလှယ်များသည် ဂျပန်အစိုးရထံမှ လူသားချင်းစာနာမှုအကူအညီများ တောင်းခံပြီး ဂျပန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ရန် ဆွေးနွေးသွားဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ ယင်းခရီးစဉ်မှာ ‘နိုင်ငံတကာ အသိုက်အဝန်း၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံဖြစ်ရေး’ တာလီဘန်အဖွဲ့ ကြိုးပမ်းနေခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တာလီဘန်၏ စီးပွားရေး ဒုဝန်ကြီး လာတစ်နာဇရီက ပြောသည်။ အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် အာဖဂန်နစ္စတန်အစိုးရကို ၂၀၂၁ ခုနှစ်တွင် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 17, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

အဏုမြူလက်နက်ထိန်းချုပ်ရေး တရုတ်၊ ရုရှားတို့နှင့် ထိပ်သီးဆွေးနွေးပွဲစတင်လိုကြောင်း ထရမ့် ပြော

Dawei Watch

February 16, 2025

အဏုမြူလက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုများ ပြန်လည်စတင်လိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားသည်။ အမေရိကန်၊ ရုရှား၊ တရုတ် သုံးနိုင်ငံစလုံး၏ ကာကွယ်ရေးအသုံးစရိတ်ကို ထက်ဝက်တိတိ လျှော့ချနိုင်ရေး သဘောတူညီချက်ရနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ အမေရိကန်အနေဖြင့် အဏုမြူလက်နက်ထုတ်လုပ်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေသည့်အပေါ် ၎င်းက ညည်းညူပြောဆိုခဲ့ပြီး အမေရိကန်၏ ပြိုင်ဘက်နိုင်ငံများအနေဖြင့်လည်း ကာကွယ်ရေးအသုံးစရိတ်များကို လျှော့ချရေး ပြန်လည်သံန္နိဋ္ဌာန်ချကြရန် မျှော်လင့်ကြောင်း ထရမ့်က ပြောဆိုသည်။ “ကျွန်တော်တို့အတွက် အဏုမြူလက်နက်အမျိုးအစားအသစ်တွေ ထုတ်လုပ်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့မှာ အများကြီးရှိနေပြီးသား ဖြစ်နေပြီ။ ဒီလက်နက်တွေနဲ့ ခင်ဗျား ကမ္ဘာကြီးကို အကြိမ်ငါးဆယ်၊ အကြိမ် တစ်ရာလောက် ဖျက်ဆီးပစ်လိုက်လို့ ရတယ်” ဟု ၎င်းက ပြောသည်။ အကျိုးရှိသည့် အခြားနေရာများတွင် အသုံးပြု၍ရသည့် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

February 14, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ နျူးကလီးယားလက်နက်အရေး ညှိနှိုင်းမှာမဟုတ်လို့ မြောက်ကိုးရီးယားပြော မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေဟာ အပေးအယူ ညှိနှိုင်းဖို့မဟုတ်ပဲ ပြည်သူတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကပြောပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် မြောက်ကိုရီးယားနျူးကလီးယားအစီအစဉ် အဆုံးသပ်ရေး လုပ်ဆောင်သွားဖို့ ကတိပြုခဲ့ကြပြီးနောက် ပြောကြားလာခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်တွေဟာ အသိမှတ်ပြုခံရဖို့ ဟန်ပြလုပ်နေတာမဟုတ်ပဲ ငွေကြေးနဲ့ လဲလှယ်ဖို့အတွက်လည်း မဟုတ်ဘူးလို့ နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ ဂျပန်နဲ့ အမေရိကန်ခေါင်းဆောင်များကတော့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ ‌နျူးကလီးယားအစီစဉ်တွေကို လုံးဝရပ်ဆိုင်းသည်အထိ လုပ်ဆောင်ဖို့ကိုကတိပြုထားကြပါတယ်။ Ref: AA ……………………………….. လန်ဒန်က တရုတ်သံရုံးသစ် စီမံကိန်း ကန့်ကွက်ခံရ ဗြိတိန် လန်ဒန်မှာ တရုတ်သံရုံးသစ်စီမံကိန်းနဲ့ ပက်သက်ပြီး တရုတ်ရဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို စိုးရိမ်ကြသူ ရာပေါင်းများစွာ ကန့်ကွက်ခဲ့ကြပါတယ်။ တရုတ်သံရုံးသစ် လန်ဒန်မြို့မှာ တည်ဆောက်ဖို့ ပြင်နေတာနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က သံရုံးသစ်အတွက် လျာထားတဲ့ နေရာမှာ စုဝေး ဆန္ဒပြကြတာပါ။ တကယ်လို့ ဗြိတိန်အစိုးရက အတည်ပြုလိုက်ရင် ဒီသံရုံးသစ်က ဥရောပမှာ အကြီးဆုံး တရုတ်သံရုံး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ တရုတ်ဟာ သူ့ရဲ့အတိုက်အခံတွေကို အနှောက်အယှက်ပေးဖို့ တည်ဆောက်လာတယ်ဆိုပြီးကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ တရုတ်အစိုးရက လန်ဒန်မှာရှိတဲ့ သံရုံးကို နေရာပြောင်းရွှေ့ဖို့ လုပ်နေတာ နှစ်အတော်ကြာနေပြီဖြစ်ပြီး လက်ရှိ မယ်ရီလဘုန်းနေရာမှာရှိတဲ့ သံရုံးကို လန်ဒန်မျှော်စင် တဝိုက်နေရာကို ပြောင်းရွှေ့ဖို့ လုပ်နေတာဖြစ်ပါတယ်။ Ref: The Guardian ……………………………….. အမေရိကန်နိုင်ငံထဲ မွေးတဲ့ ကလေးငယ်တွေ နိုင်ငံသားဖြစ်ခွင့် ပယ်ဖျက်တဲ့အမိန့်ကိုတရားသူကြီးကန့်ကွက် တရားမဝင် နေထိုင်နေကြတဲ့ မိဘတွေကနေ အမေရိကန်မှာမွေးလို့ အမေရိကန်နိုင်ငံသား ဖြစ်နိုင်တဲ့ အခွင့်အရေးကို ပယ်ဖျက်လိုက်တဲ့ သမ္မတအမိန့်ကို ဖက်ဒရယ် တရားသူကြီးကဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။ နယူးဟမ်ရှိုင်းယားပြည်နယ် ဖက်ဒရယ် တရားသူကြီးကနေ ရပ်ဆိုင်းလိုက်တာပါ။ ဒီလိုရပ်ဆိုင်းတာကို ဝါရှင်တန်ပြည်နယ် စိတယ်တရားရုံးနဲ့ မေရီလန်းပြည်နယ် တရားရုံးတွေကလည်း ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ခဲ့ကြပါတယ်။ သမ္မတထရမ့်ရဲ့ အမိန့်က အမေရိကန်ဖွဲ့စည်းပုံရဲ့ အကြီးဆုံး တန်ဖိုးထားမှုတွေထဲက တစ်ခုကိုပယ်ဖျက်ဖို့ ကြိုးစားတာဖြစ်တယ်ဆိုပြီး တိုင်ကြားခဲ့ကြတာဖြစ်ပါတယ်။ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်မူကို ကျင့်သုံးတဲ့ နိုင်ငံ ၃၀ လောက်ရှိပြီး အမေရိကန်ကလည်း ယခင်တည်းက ကျင့်သုံးနေတာဖြစ်ပါတယ်။ Ref: The NewYork Post ……………………………….. ဟားမတ်စ်က ဓါးစာခံတွေ ပြန်မလွှတ်ရင် ပြန်တိုက်မယ်လို့ အစ္စရေးပြော ဓားစာခံတွေကို ဟားမတ်စ်အဖွဲ့က ပြန်မလွှတ်ရင် ဂါဇာကို ပြန်တိုက်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြောပါတယ်။ ဓားစာခံတွေ ပြန်မလွှတ်ရင် အပစ်ရပ်စဲရေးသဘောတူညီချက်ကို ဖျက်လိုက်ဖို့ အမေရိကန်သမ္မတ ထရမ့်ကလည်း ကနဦး ပြောထားတာပါ။ ဓားစာခံလွှတ်ဖို့ ရွှေ့ဆိုင်းတာဟာ အပစ်ရပ် သဘောတူညီချက်ကို ဟာမတ်စ်ဘက်က ချိုးဖောက်တာဖြစ်တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။ ဒါကြောင့် လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စီစဥ်ထားတဲ့အတိုင်း ဓားစာခံတွေလွှတ်ပေးဖို့ဟာမတ်စ်အဖွဲ့ကို ကုလသမဂ္ဂအဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။ Ref: The Guardian ……………………………….. မဲမသမာမှုကြောင့် စစ်အုပ်ချုပ်ရေးကြေညာခဲ့တာလို့ ထိန်းသိမ်းခံသမ္မတပြော ရွေးကောက်ပွဲမှာ မဲတွေကို မရိုးမသားလုပ်တာတွေ ရှိတဲ့အတွက် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရတာဖြစ်တယ်လို့ ထိန်းသိမ်းခံထားရသော သမ္မတယွန်းဆွတ်ယိုးကဖွဲ့စည်းပုံခုံရုံးကို ပြောကြားခဲ့ပါတယ်။ မဲမသမာမှုနဲ့ ပတ်သက်လို့ အငြင်းပွားနေတာက စိတ်မကောင်းစရာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်တုံ့ပြန်ထားတာပါ။ သမ္မတပြောသလိုမဟုတ်ဘဲ ရွေးကောက်ပွဲက ရိုးသား ဖြောင့်မတ်တယ်လို့ တောင်ကိုရီးယားနိုင်ငံက အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်ကနေ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ […]

ဖက်ဒရယ်ထောက်ပံ့ငွေ ထရမ့်ဆိုင်းငံ့ထားမှု ချက်ချင်းရုတ်သိမ်းရန် ကန်တရားသူကြီး ထပ်ဆင့်အမိန့်ချ

Dawei Watch

February 13, 2025

အမေရိကန်ပြည်ထောင်စု၊ ဖက်ဒရယ်အစိုးရအထောက်အပံ့ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ထရမ့်အစိုးရက ဆိုင်းငံ့ပိတ်သိမ်းထားမှုကို ချက်ချင်းရုတ်သိမ်းရန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက တနင်္လာနေ့တွင် ထပ်ဆင့်အမိန့်ချမှတ်လိုက်သည်။ ဖက်ဒရယ်အစိုးရအထောက်အပံ့အားလုံးကို သမ္မတထရမ့်၏ မူဝါဒနှင့် ကိုက်ညီမှုရှိမရှိ ပြန်လည်သုံးသပ်စစ်ဆေးမည်ဖြစ်၍ ယင်းအထောက်အပံ့အားလုံးကို ဆိုင်းငံ့ပိတ်သိမ်းထားလိုက်ပြီ ဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီလတွင် သက်ဆိုင်ရာဌာနအသီးသီးသို့ ထရမ့်အစိုးရ၏ စီမံခန့်ခွဲမှုနှင့် အစိုးရအသုံးစရိတ်ဌာနက အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ယင်းမှာ အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြုထားသည့် ဖက်ဒရယ်အစိုးရ အထောက်အပံ့များကို ထရမ့်အုပ်ချုပ်ရေးအဖွဲ့က ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ထရမ့်အစိုးရ၏ ယင်းဆုံးဖြတ်ချက်အပေါ် ဝါရှင်တန်ဒီစီနှင့် ပြည်နယ် ၂၂ ခုမှ ပြည်နယ်ရှေ့နေချုပ်များက တရားစွဲဆိုခဲ့ကြသည်။ ယင်းနောက် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရို့ဒ်အိုင်းလန်းပြည်နယ် ဖက်ဒရယ်တရားသူကြီး McConnell က ထရမ့်အစိုးရ၏ ဖက်ဒရယ်အထောက်အပံ့ငွေ ရပ်ဆိုင်းမှုကို ဟန့်တားကြောင်း ယာယီအမိန့်ချမှတ်ခဲ့သည်။ တရားသူကြီး၏ […]