ထိုင်းမြောက်ပိုင်း ရေကြီးမည့်သတိပေးချက်ကြောင့် မွေးထားသည့် မိကျောင်းများကို သတ်ရန်ဆုံးဖြတ်
Dawei Watch
September 24, 2024ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရေးကြီးမည်ဆိုသည့် သတိပေးချက်များ ထုတ်ပြန်ထားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်က လန်ဖွန်ခရိုင်တွင် မွေးထားသည့် မိကျောင်းများကို သတ်ပစ်လိုက်ရန် ဆုံးဖြတ်လိုက်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ ရေဘေးကျရောက်လာပါက မိကျောင်းများ လွတ်မြောက်သွားနိုင်ပြီး လူအများကို အန္တရာယ်ပြုမည်စိုးရိမ်သဖြင့် ခြံပိုင်ရှင်ဖြစ်သူက မိကျောင်းအားလုံးကို သတ်လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့က ကြေညာခဲ့သည်။ ထိုခြံကို ၁၇ နှစ်တိုင်တိုင်လုပ်ကိုင်လာခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချလိုက်ရခြင်းဖြစ်ကြောင်း ခြံပိုင်ရှင်က ပြောဆိုထားသည်။ ခြံပိုင်ရှင်သည် သတ်ဖြတ်ထားသော မိကျောင်းအကောင်များကို Facebook တွင် တင်ထားပြီး အကောင်အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ Ref: Khaosod English