BREAKING
January 22, 2025

နိုင်ငံတကာသတင်း

ဘန်ကောက်တွင် လူ ၄၀ ကျော်ပါသည့်ကျောင်းကား မီးလောင်

Dawei Watch

October 1, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် ကျောင်းလေ့လာရေးခရီး ထွက်လာသော ဘတ်စ်ကားတစ်စီး ယနေ့ နေ့လယ်ပိုင်းတွင် မီးလောင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ ရန်စစ်နယ်မြေတွင် ယနေ့ (အောက်တိုဘာ ၁) နေ့လယ် ၁၂ နာရီအချိန်ခန့်က မီးလောင်ခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် ကျောင်းသား ၃၈ ဦးနှင့် ဆရာ ၆ ဦးအပါအဝင် ၄၀ ကျော် လိုက်ပါလာကြပြီး ဥထိုင်းဌာနီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းမှ လေ့လာရေးခရီး ထွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။ ကားမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူအရေအတွက် များပြားနေပြီး ၁၀ ဦးကျော် သေဆုံးကြောင်း ကနဦးသတင်းများအရ သိရသော်လည်း အတည်မပြုနိုင်သေးပေ။ Ref: Khaosod English, Thai Enquirer

ရေကြီးမြေပြိုမှုကြောင့် နီပေါတွင် လူ ၁၅၀ ကျော် သေဆုံး

Dawei Watch

September 30, 2024

ကြီးမားပြင်းထန်သည့် ရေကြီးမြေပြိုမှုများကြောင့် နီပေါနိုင်ငံအနှံ့တွင် လူ ၁၇၀ ကျော် သေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ တနင်္ဂနွေနေ့အထိ ကိန်းဂဏန်းများအရ အနည်းဆုံး လူ ၅၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တော်ခတ္တမန္ဒူနှင့် အနီးတဝိုက် ချိုင့်ဝှမ်းဒေသတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ လူပေါင်း ၃၆၀၀ ကျော်အား ကယ်ဆယ်ရွှေ့ပြောင်းထားရသည်။ အချိန်တိုအတွင်း မြန်ဆန်စွာ မြင့်တက်လာသည့် ရေတွေကြောင့် ထောင်နှင့်ချီသော နေအိမ်များ ရေလွှမ်းမိုးခံခဲ့ရသည်။ လူတွေ အိမ်ခေါင်မိုးများပေါ်မှ ခုန်ကျော်ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။ ကယ်ဆယ်ရေးအဖွဲ့များက ဟယ်လီကော်ပတာနှင့် လေထိုးသွင်းရသည့် လှေငယ်များ အသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အင်္ဂါနေ့အထိ မိုးဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းထားသော်လည်း တနင်္ဂနွေနေ့တွင် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

September 27, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ အီရန်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၅၁ ဦး သေဆုံး အီရန်နိုင်ငံမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၅၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီပေါက်ကွဲမှုက အီရန်နိုင်ငံမှာ အဆိုးရွားဆုံး သတ္တုတွင်းပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုက တဟီရန်မြို့တော် အရှေ့တောင်ဘက် မိုင် ၃၀၀ ကျော်အကွာမှာရှိတဲ့ တဘက်စ်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အချိန် အလုပ်လုပ်နေတဲ့သူ ၇၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုက မီသိန်းဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်တယ်လို့ […]

ဟောင်ကောင်အယ်ဒီတာ ထောင်ဒဏ် ၂၁ လ ချမှတ်ခံရ

Dawei Watch

September 27, 2024

ဒီမိုကရေစီအရေးထောက်ခံသည့် ဟောင်ကောင်သတင်းဌာန တစ်ခု၏ အယ်ဒီတာချုပ်ဟောင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကြာသပတေးနေ့တွင် တရားရုံးက ထောင်ဒဏ် ၂၁ လ ချမှတ်ခဲ့သည်။ အဆိုပါသတင်းဌာန၏ နောက်ထပ်အယ်ဒီတာဟောင်းတစ်ယောက်ကိုမူ ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် အချုပ်ကျခံရသည့်ရက်များကို ထည့်တွက်၍ ထောင်ဒဏ်မှ ကင်းလွတ်ခွင့် ပေးလိုက်သည်။ Stand News သတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ Chung Pui-Kuen နှင့် ယာယီအယ်ဒီတာချုပ်ဟောင်း Patrick Lam တို့သည် တရုတ်ပြည်မအုပ်ချုပ်မှုအောက်သို့ ဟောင်ကောင်ကျရောက်သွားသည့် ၁၉၉၇ ခုနှစ်မှစ၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စီရင်ချက်ချခံလိုက်ရသည့် ပထမဆုံးဂျာနယ်လစ်များ ဖြစ်လာသည်။ ယခုကဲ့သို့ အရေးယူထောင်ချနိုင်သည့် ဥပဒေကို ဗြိတိသျှကိုလိုနီခေတ်ကတည်းက ဟောင်ကောင်ကျွန်းတွင် ပြဌာန်းလာခဲ့ပြီး အများဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။ အခုနှစ် မတ်လတွင် ပြဌာန်းလိုက်သည့် လုံခြုံရေးဥပဒေသစ်အရ အများဆုံးထောင်ဒဏ် ၇ […]

ကမ္ဘောဒီးယားတွင် ယခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၅၀ သေဆုံး

Dawei Watch

September 26, 2024

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၅၀ သေဆုံးခဲ့ပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကမ္ဘောဒီးယား နိုင်ငံလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ဆိုသည်။ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပင် မိုးကြိုးပစ်ခံရမှုကြောင့် လူ ၁၃၀ နီးပါး သေဆုံးခဲ့ရသေးသည်ဟု အဆိုပါကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မိုးကြိုးပစ်ခံရသည့် လူသေဆုံးမှုများအပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ ၂၀၂၄ ခုနှစ်အတွင်း မုန်တိုင်းများကြောင့် လူ ၄ ဦး သေဆုံး၍ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ နေအိမ် ၄၈၂ ဆောင် ထိခိုက်ပျက်စီးခဲ့သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ရာသီဥတုဖောက်ပြန်မှုမှ ထိုသို့ သေဆုံးမှုများပြားရခြင်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သူက ဆိုထားဖူးသည်။ လူထုအနေနှင့် မိုးသည်းထန်၊ […]

ပန်းရောင်ဘတ်အသစ်ပြုလုပ်ပေးရန် အတည်ပြုလိုက်ပြီဟု ထိုင်းအစိုးရကြေညာ

Dawei Watch

September 26, 2024

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ထိုင်းဝန်ကြီးများအစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရစာမျက်နှာက ထုတ်ပြန်ကြေညာထားသည်။ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးရန် အချက်များအပါအဝင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအချက်များကို အလုပ်သမားဝန်ကြီးဌာနက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးက အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ယင်းကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင် ထုတ်ပေးတော့မည်ဖြစ်သည်။ အစည်းအဝေးအတည်ပြုချက်အရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသွားသူများ၊ တရားဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူများ အကျုံးဝင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ စာမျက်နှာက ထုတ်ပြန်ထားသည်။ […]

လွှတ်တော် ဖျက်သိမ်းကြောင်း သီရိလင်္ကာ သမ္မတသစ် ကြေညာ

Dawei Watch

September 25, 2024

မကြာသေးမီက ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် သီရိလင်္ကာသမ္မတသစ်က တစ်နှစ်သက်တမ်း ကျန်သေးသော လက်ရှိလွှတ်တော်ကို ဖျက်သိမ်း၍ လွှတ်တော်ရွေးကောက်ပွဲသစ် ခေါ်ယူကျင်းပမည်ဟု ကြေညာလိုက်သည်။ သီရိလင်္ကာနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ဖြစ်သည်။ ငါးနှစ်သက်တမ်းရှိသည့် လက်ရှိလွှတ်တော်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လမှသာ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ စုစုပေါင်း နေရာ ၂၂၄ နေရာဖြင့် ဖွဲ့စည်းထားသည့် သီရိလင်္ကာလွှတ်တော်တွင် သမ္မတသစ် ဒစ်ဆန်နစ်ယာကာ၏ National People’s Power (NPP) ပါတီက ၃ နေရာသာ ရရှိထားသည်။ သမ္မတသစ်အနေဖြင့် ၎င်း၏ မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် အခက်အခဲရှိနေသည်။ ယင်းကြောင့် လက်ရှိလွှတ်တော်ကို ဖျက်သိမ်း၍ ၎င်းတို့ ပိုမိုထိန်းချုပ်နိုင်မည့် လွှတ်တော်သစ် ဖွဲ့စည်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။ […]

အာရှရဲ့ အတုလုပ်ဈေးကွက်ထဲက ခေတ်သစ်ထရိုဂျန်စစ်ဆင်ရေး

Dawei Watch

September 25, 2024

ဆိုက်ဘာလုံခြုံရေးပညာရှင်တွေ နှစ်ပေါင်းများစွာ သတိပေးလာခဲ့တဲ့ အကြီးစားခြိမ်းခြောက်မှုတစ်ခုက ဒီရက်ပိုင်းအတွင်း အစ္စရေးရဲ့ ခေတ်သစ်ထရိုဂျန်စစ်ဆင်ရေးနဲ့အတူ တကမ္ဘာလုံးကို လိပ်ပြာနှိုးလိုက်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းထည့်ထားတဲ့ ပေဂျာစက်တွေနဲ့ ဝေါ်ကီတော်ကီတွေ ဘယ်လိုထောက်ပံ့မှုကွင်းဆက်(supply chain)နဲ့ လက်ဘနွန်နိုင်ငံထဲ ဘယ်လိုဘယ်ပုံရောက်ရှိလာခဲ့တယ်ဆိုတာကို တကမ္ဘာလုံးက စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါကို ခြေရာခံဖို့ ကြိုးစားကြရင်းနဲ့ အနံ့ဆိုးထွက်လာတာကတော့ အာရှရဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းအတုလုပ်ဈေးကွက်ပဲ ဖြစ်ပါတယ်။ အာရှရဲ့ အတုလုပ်ဈေးကွက် အမှောင်ခြမ်း ဖောက်သည်တွေအနေနဲ့ သူတို့ လက်ထဲရောက်လာမယ့်ပစ္စည်းဟာ ဘယ်လိုပစ္စည်းမျိုးလဲဆိုတာ သေသေချာချာ အာမခံလို့မရနိုင်တဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းအတုလုပ်ဈေးကွက်ဟာ အာရှတိုက်ရဲ့ အမှောင်ခြမ်းမှာ အချိန်ကြာမြင့်စွာ ထွားကျိုင်းလျက် ရှိနေပါတယ်။ အမြတ်အစွန်းများများရတဲ့ နည်းပညာထုတ်ကုန်အသစ်တွေအတွက် ထောက်ပံ့မှုကွင်းဆက်(Supply Chain) နဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းတွေကို ကမ္ဘာဈေးကွက်မှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်စီမံထားပါတယ်။ ဒါပေမယ့် အာရှရဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းဈေးကွက်ကတော့ […]