ယူကရိန်းကို စစ်ရေးအထောက်အပံ့အားလုံး ယာယီရပ်ဆိုင်းထားရန် သမ္မတထရမ့် အမိန့်ထုတ်
Dawei Watch
March 4, 2025ယူကရိန်းကို ပေးနေသည့် အမေရိကန်စစ်ရေးအထောက်အပံ့အားလုံးကို ယာယီရပ်ဆိုင်းရန် သမ္မတရမ့်က တနင်္လာနေ့က အမိန့်ပေးလိုက်သည်။ ယင်းမှာ ယူကရိန်းသမ္မတဇလန်းစကီးက အမေရိကန်သမ္မတထရမ့် ၊ ဒုသမ္မတဂျေဒီဗန်းစ်တို့နှင့် ပြီးခဲ့သည့် အပတ်က အိမ်ဖြူတော်တွင် အငြင်းပွားခဲ့မှုကို တုံ့ပြန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ ယူကရိန်းသမ္မတဇလန်းစကီးအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အမေရိကန်ဘက်မှ ဖိအားပေးလာချိန်တွင် တနင်္လာနေ့က ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ “ဒါက စစ်ရေးအထောက်အပံ့ပေးနေမှုကို အပြီးတိုင်ဖျက်သိမ်းစွန့်လွှတ်ပစ်လိုက်တာ မဟုတ်ပါဘူး။ ယာယီရပ်ဆိုင်းထားတာပါ” ဟု ထရမ့်အစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Fox News သတင်းဌာနက ဖော်ပြထားသည်။ ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအထောက်အပံ့များသည် စစ်ပွဲရပ်ဆိုင်းရေး အဖြေတစ်ခုရရန် အထောက်အကူ ဖြစ်မဖြစ် သုံးသပ်နိုင်ရန်အတွက် ယင်းသို့ ယာယီရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်သည်ဟု […]