ပြည်ပြေးဝန်ကြီးချုပ်ဟောင်းကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ဖမ်းဝရမ်းထုတ်
Dawei Watch
October 18, 2024ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနှင့် လူပုဂ္ဂိုလ် ၄၅ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICT)၏ ရှေ့နေချုပ် Mohammad Tajul Islamက ယနေ့ ကြာသပတေးနေ့တွင် ပြောသည်။ ဖမ်းဝရမ်းအထုတ်ခံလိုက်ရသူများအနေဖြင့် ယခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တရားရုံး၌ ကြားနာစစ်ဆေးခံယူရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်တွင်းသတင်းဌာန The Daily Star က ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာသည် လွန်ခဲ့သည့် နှစ်လက ကျောင်းသားများဦးဆောင်သော လူထုအုံကြွမှုဖြင့် ဖြုတ်ချခံလိုက်ရပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့သူ ဖြစ်သည်။ ”ဇူလိုင်လကနေ ဩဂုတ်လအတွင်း ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ရှိတ်ဟာဆီနာက အဓိကတာဝန်ရှိသူ ဖြစ်တယ်”ဟု ရှေ့နေချုပ်က ပြောကြားသည်။ အဆိုပါ ကျောင်းသားဆန္ဒပြပွဲများတွင် ရှိတ်ဟာဆီနာအစိုးရ၏ ဖြိုခွင်းမှုကြောင့် […]