ပြင်သစ်မှာ အမျိုးသားက ဇနီးသည်ကို ဆေးခတ်ပြီး အပေါင်းအဖော်တွေနဲ့အတူ နှစ်ပေါင်းများစွာ အဓမ္မကျင့်
Dawei Watch
December 20, 2024ပြင်သစ်မှာ အမျိုးသားဖြစ်သူက ဇနီးသည်အမျိုးသမီးကို ဆေးခတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာအောင် ကိုယ်တိုင် အဓမ္မကျင့်ခဲ့တဲ့အပြင် တခြားသူတွေကိုပါ ဖိတ်ခေါ်ပြီး အဓမ္မကျင့်စေခဲ့ပါတယ်။ ခံရတဲ့သူကတော့ ဂျီဆဲလ်ပီလီကော့ (Gisèle Pelicot) လို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး ဆေးခတ်ခံရပြီး သူမအသိမရှိနေတဲ့အချိန်မှာ အမျိုးသားဖြစ်သူက သူမကို အဓမ္မကျင့်ဖို့အတွက် အွန်လိုင်းပေါ်ကနေ အခြားသူတွေကို ဖိတ်ခေါ်ခဲ့တာပါ။ အမျိုးသားကတော့ ဒိုမနစ်ပီလီကော့ (Dominique Pelicot) လို့ခေါ်ပြီး သူမကို အဓမ္မကျင့်ရာမှာ အခြားအမျိုးသား ၅၀ အထိ ပါဝင်ခဲ့တာကို တရားရုံးမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူမကို အဓမ္မကျင့်သူတွေထဲ လူကြီး၊ လူငယ် အစုံပါဝင်ခဲ့ပြီး သတင်းထောက်၊ မီးသတ်သမား၊ ရဲတပ်ဖွဲ့တွေကအစ ပါဝင်နေတာပါ။ တရားရင်ဆိုင်ပြီး ၁၆ ပတ်အကြာမှာတော့ တရားရုံးက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အဓမ္မကျင့်တဲ့ […]