ဆုမ်ခရန်ပွဲတော် ပထမဆုံးနေ့တွင် လူ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရရှိခဲ့
Dawei Watch
April 13, 2025ထိုင်းနိုင်ငံတွင် ကျင်းပနေသော ဆုမ်ခရန်ပွဲတော်၏ပထမဆုံးနေ့တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၂၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူ ၂၀၁ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။ ဆုမ်ခရန် ခရီးသွားအားလပ်ရက်ကာလသည် သီတင်းတစ်ပတ် ကြာမြင့်မည်ဖြစ်ပြီး ပွဲတော်၏ပထမဆုံးရက်၌ ယင်းကဲ့သို့ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းကို ထိုင်းအရာရှိများက စနေနေ့၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုင်းနှစ်သစ်ကူး အားလပ်ရက်ပွဲတော်ကာလတွင် လူအများအပြား ခရီးသွားလာနေကြပြီး သောကြနေ့၌ ယာဉ်မတော်တဆမှုပေါင်း ၂၁၁ ခု ဖြစ်ခဲ့သည်ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်စင်တာက သတင်းထုတ်ပြန်သွားခဲ့သည်။ သို့သော် ယမန်နှစ် ဆုမ်ခရန်ပွဲတော် ပထမရက် လူသေဆုံးမှုနှုန်း၊ ဒဏ်ရာရရှိမှုနှုန်းနှင့် နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့် လျော့ကျခဲ့ကြောင်း သိရှိရပြီး ၂၀၂၄ ခုနှစ် ဆုမ်ခရန်ပွဲတော် ပထမရက်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၄၁ […]